Part-41

291 9 0
                                    

'Zuki-Chan'

တိုးလျတဲ့ခေါ်သံကြောင့် ခုံနောက်မှီကို ပုခုံးလျော့ကျကျလေးမှီရင်း လက်နှစ်ဖက်ကို ပြေပြေလျော့လျော့ပိုက်ထားသည့် မိန်းကလေးငယ်က ခေါင်းကိုစောင်းငဲ့ကာ သူနားထောင်နေပါကြောင်း အသံတိတ်အကြောင်းပြန်တယ်။ ပန်းရောင်ဖျော့ဆံနွယ်တို့က မျက်နှာသွယ်ကို ကပိုကယိုဖုံးအုပ်ထားကြတာကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရပေမယ့် အိမ်ကစထွက်လာကတည်းက တစ်ခဏတောင် မျက်ရည်ကျတာ မရပ်တာသိသည်။ ဒီကလေးမလေးဟာ သူမမျက်စိအောက်မှာပဲ ကြီးပြင်းလာခဲ့ရတာမဟုတ်လား။

'မမက အကူအညီလိုအပ်နေတဲ့အချိန်မှာ သမီးကပါ ဒီလိုနေနေလို့မဖြစ်ဘူးလေ'

ပိုက်ထားတဲ့ လက်မောင်းတွေကို ခပ်ဖွဖွပွတ်ပေးရင်း ဆိုတော့ လေယာဉ်ပြတင်းပေါက်မှန်ဆီ ခေါင်းကိုတွန်းပို့ရင်း အသာမှီလိုက်ပြန်သည်။

'နောက်နာရီဝက်လောက်ဆို မြန်မာကိုရောက်ပြီ။ Zuki-Chan အတွက် စိတ်ပြင်ဆင်ချိန်နာရီဝက်ရမယ်။ အဲ့ဒီနာရီဝက်အတွင်း သမီးကိုယ်သမီး  ထိန်းနိုင်တာ သေချာမှ Yue-chan ဆီသွားမယ်။ အဲ့လိုမဟုတ်ဘဲ အချိန်လိုအပ်သေးရင် အန်တီတို့ထိုင်စောင့်မယ်'

'Zuki ထိန်းနိုင်လောက်ပါ့မလား။ မမလေ..အဲ့တာက မမလေ'

'မမမို့လို့ပေါ့..။ အကူအညီလိုအပ်နေတာက တခြားမဟုတ်ဘဲ မမဖြစ်နေလို့ပေါ့။ အန်တီတို့အတွက်မဟုတ်ဘဲ Yue-Chan အတွက်လုပ်ပေးနိုင်မလား Zuki-chan'

အကြည့်ချင်းမဆုံချင်ကြရဲ့ မျက်ဝန်းတွေကို ဘေးဘက်မှ ငေးကြည့်ရင်း အလေးအနက်ထား​ တောင်းဆိုသည်။ အကယ်၍သာ Yue ကိုမထိန်းနိုင်သေးဘဲ Mizuki ကိုပါထပ်ထိန်းရမယ်ဆိုရင် သူတို့လုပ်နိုင်ကြတော့မယ်မထင်ဘူး။

Yura စံအိမ်ရဲ့ မျိုးဆက်သစ် သခင်မလေးနှစ်ဦးဟာ စိတ်အထူးကုနှင့်ပြသနေရတာ ဆယ်နှစ်ကျော်ပါပြီဆိုတဲ့ သတင်းကို ထိန်းသိမ်းဖို့အတွက် မိသားစုအတွင်းမှာပဲ ကြိတ်ကုလာခဲ့ကြရတာမဟုတ်လား။

ထို့ကြောင့် ထိုမိန်းကလေးနှစ်ဦးကို ကိုင်တွယ်ရမယ့်ဆရာဝန်က ခင်သက်အိမ်ရယ်၊ သူမရယ်...။ ဒီနှစ်ယောက်ပဲ ရှိတာ။ ပြီးတော့ သူမတို့နှစ်ဦးစလုံးကလည်း စိတ်အထူးပြုတွေမဟုတ်ကြဘူးလေ..။ ခင်သက်အိမ်ဆို ကင်ဆာအထူးပြု၊ သူမက နှလုံးအထူးပြု..။

SoulWhere stories live. Discover now