Part-11

745 36 4
                                    

တစ်ငုံစာတောင်မကျန်တော့တဲ့ အေးစက်စက်ကော်ဖီတစ်ခွက်နှင့် တ​တောက်တောက်မြည်နေသည့် စာရိုက်သံ...အမျိုးသမီးနှစ်ဉီးရှိနေသည့် ရုံးခန်းကျယ်က လိုတာထက်ပိုပြီး တိတ်ဆိတ်လွန်းနေသည်

'အဟမ်း...'

ချောင်းဟန့်သံနှင့်အတူ ဆက်သွယ်မှုတစ်ခုကို စတင်ဖို့ကြိုးစားနေသည့်အမျိုးသမီးတစ်ဉီး.. နှင်းဆီရောင်နှုတ်ခမ်းကိုလည်းသွားဖြင့်ဖွဖွလေးဖိကိုက်ထားသည်
ဒါပေမယ့်သူ့ရှေ့မှာရှိနေတဲ့ အမျိုးသမီးရဲ့စိတ်အာရုံကတော့ ရုံးခန်းထဲမှာရှိမနေဘူး

'အဟမ်း...'

ဒုတိယချောင်းဟန့်သံအဆုံးမှာ ရုံးခန်းအပြင်ကိုအတွေး‌ချော်နေတဲ့ အမျိုးသမီးရဲ့ အာရုံစိုက်ခြင်းကိုရရှိသွားသည်

'အဆင်ပြေရဲ့လား လင်းလက်ကြယ်'

'ရှင် ဟုတ်‌ပြေပါတယ် အစ်မ'

'မနေ့က...'

'မနေ့က...'

ပြောဖို့အကြောင်းအရာ တိုက်ဆိုင်သွားတော့ Yue ဆိုတဲ့အမျိုးသမီးက အလျော့ပေးသည်

'ဟို မနေ့ကကိစ္စ တောင်းပန်ပါတယ်အစ်မ ဒုက္ခပေးမိသွားတယ်'

'အစ်မအတွက်ကတော့ ပြဿနာမရှိပါဘူး ဒါပေမယ့် နောက်ဆိုရင်သတိထားပါလင်းလက်ကြယ် မင်းအဖေကိုယ်စားလာတာဖြစ်လို့ မင်းအဖေရဲ့ image ကိုထိခိုက်မယ့်အရာမျိုးကို ဂရုစိုက်ပေးပါ

'ဟုတ်ကဲ့အစ်မ နောက်ဆိုသတိထားပါ့မယ်'

'အင်း အခုကော သက်သာသွားပြီလား'

'ဟုတ်အစ်မ အဆင်ပြေပါပြီ'

'အင်း အဲ့တာဆို ကြယ် အမကို coffee တစ်ခွက်လောက်ထပ်ပေး No sugar and milk'

'ဟုတ်အမ'

ဒီတစ်ခါ‌ဖျော်ခိုင်းတဲ့ coffee နဲ့ဆို စုစုပေါင်းလက်တစ်ဖက်ကျော်နေပြီ သေချာပါပြီ တစ်ခုခု စိတ်ရှုပ်နေတာ

တွေးစရာတစ်ခုခုရှိတိုင်း ကော်ဖီ ကို အချိုထည့်မသောက်တတ်တာ အကျင့်တစ်ခုလို အခုတလော ကော်ဖီ သောက်တာတွေအရမ်းစိပ်လာတယ်

ကဖင်းဓာတ်ဆိုတာ အရမ်းသောက်ရင် ကျန်းမာရေးထိခိုက်လာမှာ ဒါပေမယ့် ဒီအမျိုးသမီးကတော့ ဒါတွေ ဂရုစိုက်ပုံမထောက်ဘူး

SoulWhere stories live. Discover now