ဆေးရုံကုတင်ထက်တွင် အပူအပင်ကင်းစွာလှဲလျောင်းနေသော သမီးငယ်ကို ကြည့်ပြီး ဉီးထင်လင်းစိတ်ထဲမှ ဘုရားစာတွေကိုရေရွတ်နေသည်။ ဇနီးဖြစ်သူ သံသာကလည်း သမီးနဲ့သူ့ကို စိတ်ဆိုးနေသေးပေမယ့် သမီးနားကတော့လုံးဝမခွာ။
စိုးရိမ်ရသည့်အခြေအနေမျိုးမဟုတ်တော့ပေမယ့် အခုထိနိုးထမလာသေးတာကြောင့် ဆေးရုံတွင်ပဲထားရှိကာ စောင့်ကြည့်နေရဆဲဖြစ်သည်။ ငယ်ငယ်ကတည်းက တယုတယနဲ့မွေးလာခဲ့ရတဲ့ ကလေးဖြစ်တာကြောင့် ဒီလိုပုံစံမျိုးကိုဆက်ကြည့်ဖို့အင်အားမရှိတော့။ ထို့ကြောင့် တိတ်တဆိတ်ဘဲ ဆေးရုံခန်းထဲကထွက်လာခဲ့သည်။ ဆေးရုံဝန်းက ပန်းခြံထဲတွင် ခနစိတ်ပြေလက်ပျောက်လမ်းလျှောက်ပြီး အပေါ်ပြန်တက်လာတော့ အခန်းဝရှေ့တွင် ရပ်နေသူပြီးတွေဝေနေသူကြောင့် အနားမသွားဘဲ အဝေးမှာနေ၍ အကဲခတ်လိုက်သည်။
လက်တစ်ဖက်တွင် ပန်းစည်းတစ်စည်းကိုကိုင်လျက်ရှိပြီး ကျန်လက်တစ်ဖက်ကတော့ တံခါးလက်ကိုင်ကိုကိုင်ဖို့ ခြေတုန်ချတုန်ဖြစ်နေပုံရသည်။ တော်တော်ကြာသည်အထိရပ်နေခဲ့ကာ နောက်ဆုံးတံခါးလက်ကိုင်ဘုကိုလှမ်းလိုက်ပြီးတော့မှ လက်ပြန်ရုတ်ကာ လှည့်ထွက်သွားတာကြောင့် ဉီးထင်လင်းသက်ပြင်းအသာချလိုက်ပြီး အနားကိုခပ်မြန်မြန်လျှောက်သွားလိုက်သည်။
'Yue...'
ဉီးထင်လင်းခေါ်လိုက်တော့မှ ချက်ချင်းလှည့်လာပေမယ့် ခေါင်းကိုတော့အောက်ငုံ့ထားသည်။
'ကျွန်မအနူးအညွတ်တောင်းပန်ပါတယ် အန်ကယ် မျက်နှာမပြဝံ့ပါဘူး'
အခုထိခေါင်းဖော်မလာသေးတဲ့အပြင် ထပ်မံပြီး ခါးကိုကွေးညွှတ်ကာ အရင်ဉီးဆုံးတောင်းပန်စကားကိုဆိုသည်။
'မဟုတ်တာ Yue ရယ်..တောင်းပန်စရာမလိုပါဘူး သမီးအမှားမှမဟုတ်တာ...မတော်တဆဖြစ်သွားခဲ့တာပဲ ဒါမျိုးကဖြစ်တတ်ပါတယ်'
'ကျွန်မအမှားအယွင်းပါ ဒီထက်ပိုပြီး လင်းလက်ကြယ်ကိုဂရုစိုက်ပေးသင့်တာ'
'ရပါတယ်ကွယ် အလုပ်ထဲမှာ ဖြစ်လေ့ရှိတဲ့အရာတစ်ခုပါပဲ...အခုလည်းလင်းကိုလာတွေ့တာမဟုတ်လား အထဲဝင်လေသမီး'
YOU ARE READING
Soul