Part-40

322 11 2
                                    

ထမင်းအတူစားချင်လို့ပါဆိုသည့် ဖိတ်ခေါ်မှုကို ဘာအတွေးတွေနဲ့များလက်ခံမိတယ်မသိဘူး။ အခုတော့ သူမက Yue Mirasan ကိုအသိပေးထားခြင်းမရှိဘဲ Yue Mirasan ရဲ့ဖခင်ဖြစ်သူနှင့် နှစ်ယောက်တည်း စားသောက်ဆိုင်တစ်ခုရဲ့ private room အတွင်းမှာ အတူရှိနေကြပြီ။

ဦးကောင်းဆက်က သူမနဲ့သာမာန်ရိုးရိုးတွေ့ချင်တာလောက်တော့ မဖြစ်နိုင်ဘူး။ ဒီလောက်တော့ သူတွေးတတ်သေးတယ်။

'အန်ကယ့်ကို တစ်ခုလောက်ကူညီပေးနိုင်မလား သမီး'တဲ့။ လေးဆယ့်ခုနှစ်မိနစ်စာ အချိန်ထိုင်ဖြုန်းခဲ့တဲ့ လိုရင်းက သူမရဲ့အရှေ့တည့်တည့်ကိုရောက်လာတော့ ခေါင်းငြိမ့်မိသလား၊ ခေါင်းခါမိသလား မစဉ်းစားတတ်။

ဒီတွေ့ဆုံမှုအကြောင်းကို ထိုအမျိုးသမီးသာတစ်နည်းနည်းနဲ့သိသွားရင်ဆိုသည့် စိုးရိမ်စိတ်ကဦးနှောက်ထဲ ချိန်ကိုက်ဗုံးတစ်လုံးထည့်ခံထားရသလို ကြောက်ရွံ့နေသည်။

'သမီးတို့နှစ်ယောက်က ရင်းနှီးကြတော့ အန်ကယ်နဲ့ Yue ရဲ့ဆက်ဆံရေးကိုသိမှာပါ'

'ဟုတ်ကဲ့၊ ကျွန်မ နည်းနည်းတော့ ရိပ်မိပါတယ်'

'အန်ကယ့်အမှားတွေကို ပြန်ပြင်ချင်တယ်။ အခုမှပြန်ပြင်ဖို့နောက်ကျနေပြီ။ ဒါပေမယ့် မနက်ဖြန်မှာသာနိုးထမလာရင်ဆိုတဲ့စိတ်နဲ့ ပြန်ပြုပြင်သွားဖို့အခွင့်အရေးမရှိတော့မှာ ကြောက်မိတယ်။ အန်ကယ်ရဲ့ ကျန်နေတဲ့သက်တမ်းမှာ အဖေတစ်ယောက်တာဝန် ကျေသွားချင်တယ်သမီး'

စကားဆုံးတော့ ဦးကောင်းဆက်ရဲ့ ပါးပြင်ထက်မှာမျက်ရည်စအချို့ ဖြတ်သန်းစီးဆင်းသွားတာတွေ့တယ်။

လင်းလက်ကြယ်က ဒီမျက်ရည်တွေက အတုအယောင်များလားလို့တွေးနေတုန်းမှာ အနည်းငယ်တုန်ယင်နေသည့် ညိုညိုထူထူ နှုတ်ခမ်းကြောင့် ဂရုဏာသက်စွာ အတွေးတွေကို ရှေ့ဆက်မပို့ဘဲ နေရာမှာတင် သိုသိုသိပ်သိပ်သိမ်းဆည်းလိုက်သည်။

ပြီးတော့...။

'ကျွန်မ ဘာကူညီပေးရမလဲ အန်ကယ်'

ထိုညနေရဲ့အိမ်ပြန်လမ်းက လေးပင်လွန်းသည်။
ဦးကောင်းဆက်ပြောသမျှတိုင်းကို ထောင့်ပေါင်းစုံကစဉ်းစားကြည့်ပေမယ့် စိုးရိမ်မှုကိုမဖြေလျော့နိုင်ခဲ့ဘူး။ သူမလုပ်ပေးရမှာက ခက်ခဲတဲ့အရာမဟုတ်ပေမယ့်လည်း အနည်းငယ်တော့တုန်လှုပ်နေမိသည်။

SoulWhere stories live. Discover now