Part-18

706 38 9
                                    

နေ့သစ်တစ်နေ့တာကိုစတင်ဖို့အတွက်ရောင်နီဟာ အရှေ့အရပ်မှ တရွေ့ရွေ့ထွက်ပေါ်လာသည်။ မနက်ခင်းအစောပိုင်းတွင် ကျေးငှက်ကလေးများ၏ အိပ်တန်းထ ဆူညံသံနှင့်အတူ မပျက်မကွက် ကြားလေ့ရှိသော ပဲပြုတ်သည် ဒေါ်လုံးတင်၏ အသံဆာဆာကြောင့် နာရီပင်ပြေးကြည့်စရာမလို။

တစ်ညလုံးအနားပေးခြင်းမခံရသော ခေါင်းကညောင်းကိုက်လို့ နေပေမယ့် လျစ်လျှူရှုကာ အပေါ်ထပ်ကိုသာ တက်လာသည်။ အကျင့်ဖြစ်နေတဲ့လက်က အခန်းတံခါးကိုခေါက်ဖို့ ဟန်ပြင်လိုက်ပေမယ့် အခန်းပိုင်ရှင်လေးအအိပ်ပျက်သွားမှာကို တွေးပြီးပူပန်မိသွားတာကြောင့် အခန်းတံခါးကို အသံမထွက်အောင် သတိထားဖွင့်ပြီး ခြေသံကိုဖော့၍ ဝင်လာကာသမီးဖြစ်သူ အိပ်နေသည့် ကုတင်အစွန်းတွင် ဝင်ထိုင်လိုက်သည်။

ညမီးအိမ်၏ အလင်းဖျော့ဖျော့​ဖြင့် မြင်လိုက်ရသော သမီးငယ် မျက်နှာကြောင့် ထိန်းထားသည့်ကြားထဲကပင် မျက်ရည်အချို့က ကျဆင်းသွားသည်။

'အရူးမလေး ဖအေကိုစိတ်မကောင်းဖြစ်အောင် ငိုထားရလား'

ညက ဘယ်လောက်တောင် ငိုထား​ကြောင်း မို့အစ်ပြီးနီရဲနေသည့် မျက်လုံးတို့က သက်သေပြလေ ဉီးထင်လင်းကိုယ့်ပါးပေါ်က မျက်ရည်စတွေကိုမသိကျိုးကျွန်ပြုလေပဲ။

စောင်အပြင်ဘက်ကို ရောက်နေတဲ့ လက်တစ်ဖက်ကို ညင်သာစွာဆုပ်ကိုင်ပြီးနောက်တွင် ရှိုက်သံအချို့ပါ ရော​နှောပါဝင်လာသည်။

ကြည့်စမ်းပါဉီး...မွေးပြီးပြီးချင်း ဆုပ်ကိုင်ခွင့်ရတဲ့ လက်သေးသေးလေးက အခုတော့များ ကြီးပြင်းလာလိုက်တာ...။ ဖေဖေကတော့ အခုအချိန်ထိကိုမွေးကင်းစ ကလေးသေးသေးလေးလို့ထင်နေမိတုန်းပဲ။

'ဖေဖေ ဘာဖြစ်လို့ငိုနေတာလဲ'

ရုတ်တရက်ကြားလိုက်ရတဲ့ လင်းလက်ကြယ်အသံကြောင့် ဉီးထင်လင်းမျက်ရည်တွေကို ကပျာကယာ သုတ်လိုက်ပြီး

'ဟင်...သမီးနိုးလာပြီလား နည်းနည်းစောသေးတယ် ဆက်အိပ်ဉီးလေ'

'ဖေဖေဘာဖြစ်လို့ငိုနေတာလဲ လင်းကြောင့်လား'

SoulWhere stories live. Discover now