Part-3(Unicode)

2K 184 3
                                    

'ဟိုဘက်က အကြောင်းမပြန်သေးဘူးလား'

'ဟုတ်ကဲ့။ အခုထိအကြောင်းမပြန်သေးပါဘူး'

'ကျစ် သူတို့ကလည်းဘယ်လိုတွေလုပ်နေကြမှန်းမသိဘူး။ စိတ်ရှုပ်လိုက်တာ...'

စုတ်တစ်ချက်သတ်လုပ်ပြီး ဖိုင်တွဲကို ခုံပေါ်ပစ်တင်လိုက်သည့် အမူအရာကိုကြည့်ပြီးလင်းလက်ကြယ်ပင် လန့်သွားရသည်။ ထိုအမျိုးသမီးကတော့ နေမြဲအတိုင်း ဆုံလည်ထိုင်ခုံကိုဘယ်ညာ အနည်းငယ်ယမ်းပြီး အရှေ့က laptop ကိုသာစူးစိုက်ကြည့်နေသည်။

အချိန်တော်တော်ကြာသည်အထိ ဘာစကားမှထပ်မလာတာကြောင့် ထွက်သွားဖို့စဉ်းစားခဲ့ပေမယ့် စကားမကုန်ခင် ထွက်သွားတယ်ဆိုပြီး မျှားဦးကသူ့ဆီတည့်တည့်လာစိုက်မှာစိုးတာကြောင့် အခန်းထဲကပြန်မထွက်ရဲသေး။

ထိုအချိန်မှာပဲ တဒီဒီနှင့် တုန်ယင်လာသောဖုန်းကြောင့် ခုံကိုလှုပ်ယမ်းနေတာကိုရပ်ပြီး Laptop ဆီကအကြည့်ကိုခွါ၍ ဖုန်းဆီသို့ပို့လိုက်သည်။ သက်မဲ့အရာတွေအပေါ်မှာသာ စိတ်ဝင်တစားရှိပေမယ့် အခုထိရပ်နေသေးတဲ့ သူ့ကိုတော့ရှိနေတယ်ဆိုတာတောင် သိပုံမပေါ်။

ဖုန်းကိုအမြန်လှမ်းယူလိုက်ပြီး contact name ကိုကြည့်ကာချက်ချင်းပြုံးသွားတာကြောင့် အပြောင်းအလဲမြန်သူဟု စိတ်ထဲကသမုတ်ခေါ်လိုက်သည်။

'ဟယ်လို'

'သားသားက မေမေ့ကို လွမ်းနေတာလား'

လင်းရပ်နေရင်း လျှာတွေကိုက်မိကုန်သည်။ ဒီလိုဇီဇာကြောင်ပြီး စိတ်ကြီးတဲ့မိန်းမကအိမ်ထောင်ရှိတာလား။ အံ့ဩစရာပဲ...သည်းခံပေါင်းနိုင်တဲ့လူကရှိသေးတယ်။

'ဟုတ်ပါပြီကွယ်...မေမေဒီနေ့လာခဲ့မယ်နော်..ဂျစ်တူးလေးရဲ့'

'ပီဇာလား..အင်းဟုတ်ပြီ၊ မေမေဝယ်ခဲ့မယ်။ အငယ်လေးတွေကကော ဘာစားချင်လဲ..ပီဇာပဲလား သား'

နောက်ထပ်ကြားရသည့် စကားကြောင့် နေရာမှာကြာကြာရပ်နေရလို့ ပျင်းဝေလာသည့်စိတ်တွေပင်အလျှိုအလျှိုထွက်ပြေးကုန်ကြသည်။ စောစောတုန်းကလိုတော့ လျှာမကိုက်မိ။ 

မြင်နေကျပုံစံမျိုးမဟုတ်ဘဲ နူးညံ့ပြီး ပျော့ပျောင်းတဲ့ စကားအသွားအလာတွေက Yue Mirasan မဟုတ်တဲ့မိခင်တစ်ယောက်ရဲ့ပုံစံတွေပါပေါ့လေလို့တွေးရင်း ကြံဖန်ပြုံးမိသေးသည်။

SoulWhere stories live. Discover now