'အာ..ကြယ်ရေ..ပူတယ်'
အိပ်ဆေးတွေချည်းထိုးသွင်းခံရလို့ နုံးခွေနေပေမယ့် နွေးနေတဲ့အပူချိန်မှာ မနေတတ်စွာဘဲ နိုးထလာရသည်။ ဘယ်လိုအကြောင်းကြောင့်များ ပူအိုက်နေတယ်မသိ။ သွင်းထားတဲ့အိပ်ဆေးတွေတောင် မတိုးတော့သည်အထိဆိုရင်တော့ ပူအိုက်ခြင်းဟာ Yue Mirasan အတွက်တော့ အကြီးအကျယ် စိတ်အနှောက်အယှက်ဖြစ်စရာပင်ဖြစ်သည်။
'remote..remote..remote ကဘယ်မှာလဲ..'
ကုတင်ထက်မှထကာ ဘေးကခုံတွေအထိစမ်းတဝါးဝါးဖြင့် လိုက်ရှာစမ်းပေမယ့် မတွေ့ရ။ ဝေဝါးနေသည့်အမြင်အာရုံနှင့် ပူအိုက်လို့ ရှုပ်ထွေးလာသည့် စိတ်ကြောင့်ပဲ လက်အစုံက အင်္ကျီကြယ်သီးတွေဆီ အလျင်အမြန်ပဲရောက်သွားသည်။
'အဟင့်...ပူတယ်'
သူမခံနိုင်တဲ့ အပူဒါဏ်ကြောင့်ပဲ စိတ်တွေတအားရှုပ်ထွေးလာတယ်။ အင်္ကျီကို
မရရအောင် ချွတ်နေတဲ့ လက်တွေဟာလည်း အားနည်းမှုကြောင့် လိုသလောက်ခရီးမတွင်ဘူး
ဖြစ်နေသည်။ထိုအချိန်တွင်ပဲ သူ့မြင်ကွင်းတစ်ဝှိုက်ကို ပန်းရောင်တွေက ရုတ်တရက်ဖုံးလွှမ်းသွားတယ်။
အို ဘုရားသခင်! ပန်းရောင်တွေ၊ ပြီးတော့ အပူချိန်၊ နောက်ပြီး အပူချိန်ထဲမှာပဲ ချိုမြစွာရောထွေးပျံ့နှံ့နေသည့် ရေမွှေးနံ့တစ်ခု..။
ဒါ..ဒါ...သူ!
'မမလက်ခနဖယ်လိုက်နော်...အင်္ကျီချွတ် ပေးမယ်'
တုန်ချိနေသည့် လက်တွေအပေါ်မှ ထပ်မိုးလိုက်သည့်လက်နွေးနွေးကြောင့် ခန္ဓာကိုယ်က အလန့်တကြားပင်ဆက်ခနဲတွန့်ဆုတ်သွားရသည်။
'ကလေးလေး'
'အင်း..Zuki ပါ..မမ'
ကြယ်သီးတွေ ကူဖြုတ်ပေးပြီး စက္ကန့်ပိုင်းလေးမှာပဲ Yue Mirasan က Mizuki Hirano ရဲ့လက်မောင်းတွေကြားထဲပျော်ဝင်သွားရတယ်။
အခုတော့ Yue Mirasan အတွက်အပူချိန်ဟာ စိတ်အနှောက်အယှက်ဖြစ်စရာမရှိတော့ဘူး။ နွေးနေမှ နေသာထိုင်သာရှိတတ်ပါတဲ့ မိန်းကလေးကြောင့် အအေးကြိုက်တဲ့အမျိုးသမီးကပဲပြောင်းလဲပေးရတယ်။ ပြီးတော့ ဒါဟာအခုမှမဟုတ်။ အငယ်လေးကတည်းက သူကချည်းထိုမိန်းကလေးအကြိုက်လိုက်ပြီး ပြောင်းလဲလာပေးခဲ့တယ်။
YOU ARE READING
Soul