တစ်နေကုန်ပင်ပန်းထားသမျှကြောင့် ရေချိုးကန်ဘောင်ကို မှီရင်းမျက်လုံးများပိတ်ကာ မှေးစက်အနားယူနေသည်။ ထိုအချိန်တွေ ဘေးနားခုံပေါ်မှ တုန်ခါလာသော ဖုန်းကြောင့် ပိတ်ထားသောမျက်လုံးများပွင့်သွားကာ ထိုတုန်ခါနေသောဖုန်းကို စိတ်ပျက်ဖွယ် သတ္တဝါတစ်ကောင်လိုကြည့်လိုက်သည်။
Yue ရဲ့ကိုယ်ပိုင်အနားယူချိန်တွင်တော့ အလုပ်ကိစ္စများကိုခေါင်းထဲမထည့်ချင်။ အရေးမကြီးလျှင် နှစ်ခါထက်ပိုပြီးမခေါ်ရမည့် လူ့ကျင့်ဝတ်ကိုတော့ တစ်ဖက်လူမှနားလည်နိုင်မည်ဟု Yue ယူဆသည်။ထို့ကြောင့် ချက်ချင်းမကိုင်သေးဘဲ နောက်ထပ်တုန်ခါလာမည့် အကြိမ်အရေအတွက်ကို စောင့်နေသည်။
တစ်ကြိမ်...နှစ်ကြိမ်....
ဒုတိယအကြိမ်မြောက်တုန်ခါပြီးသည့်အချိန်တွင် ရပ်တန့်သွားသောဖုန်းကြောင့် အရေးမကြီးဟုယူဆလိုက်ပြီး မျက်လုံးများပိတ်ကာ ပြန်မှေးနေစဉ် နောက်ထပ်တစ်ကြိမ် ထပ်မံတုန်ခါလာသောဖုန်းကြောင့် စိတ်ကိုလျော့ကာ ချက်ချင်းပဲကောက်ကိုင်လိုက်သည်။
'မိုရှီ မိုရှီ...'
အချိန်တွေဘယ်လောက်ကြာကြာ အကျင့်ပါဆဲဖြစ်သောစကားကိုပါးစပ်ကထွက်သွားခါမှ မှားသွားကြောင်းသတိရကာ အလျှင်အမြန်ပဲ
'ဟယ်လို...'
'အစ်မ'
တစ်ဖက်မှပီပီသသပြန်ဖြေလာသော အသံပိုင်ရှင်လေးကြောင့် စိတ်ပျက်နေရာမှ ချက်ချင်းပဲနှစ်နှစ်ကာကာပြုံးလိုက်မိသည်။ မင်းက ဒီလောက်တောင်စွမ်းတာလား ကလေးငယ်...။
'အင်း ကြယ်'
'အစ်မဘာလုပ်နေတာလဲ...အခုထိမအိပ်သေးဘူးလားဟင်'
'ဟင့်အင်း ဒီအတိုင်းရေစိမ်နေတာ'
'အယ်...ဖျားကုန်တော့မှာပဲ ညဥ့်နက်နေပြီဟာကို'
'ဟုတ်လား...ဘယ်အချိန်ရှိပြီလဲ'
' 12 နာရီထိုးပြီး စွန်းစွန်းရှိနေပြီအစ်မရဲ့...အအေးပတ်ကုန်တော့မှာပဲ'
ကြယ်ပြောတော့မှ ဖုန်းကနာရီကိုချက်ချင်းပြန်ကြည့်မိသည်။ ဟုတ်ပါရဲ့...Yue ရေစိမ်နေတာအတော်ကြာပြီပဲ...။
YOU ARE READING
Soul