Part-12

742 38 1
                                    

_တင်း..တောင်....တင်း..တောင်...တင်း..တောင်_

'ကျွစ်...'

အိမ်ရှေ့က အဆက်မပြတ်ထွက်ပေါ်လာတဲ့ ဘဲလ်သံကြောင့် Yue အိပ်နေရာမှ စိတ်ပျက်စွာကောက်ထိုင်လိုက်သည် ဒါပေမယ့် မျက်လုံးတွေကိုတော့ပိတ်ထားဆဲ

_တင်း..တောင်.._

မလာမချင်းတီးနေမယ့်ပုံရတာကြောင့် ဆက်ပြီးလျှစ်လျှူရှူလို့မရတော့ ..ဖရိုဖရဲဖြစ်နေတဲ့ဆံပင်ကို ခပ်လျော့လျော့လေးစည်းနှောင်လိုက်ပြီး အခန်းထဲကထွက်လာသည်

'Wait a second'
(ခနလေးပါ)

ကြားရုံလောက်လေး အော်ပြောလိုက်ပြီး တံခါးတစ်ဖက်ခြမ်းက လူကိုထွက်တွေ့ရန် လက်ကိုင်ဘုကို လှည့်လိုက်တော့ Luggage တစ်လုံးပေါ်မှာထိုင်ပြီး တစ်လုံးကို ခြေနဲ့ကန်ဆော့နေသည့် လင်းလက်ကြယ်အားတွေ့သည်

သူ့အိတ်နဲ့သူ ဟုတ်နေတဲ့ကလေးမက Yue ကိုတွေ့တော့ ချက်ချင်းကောက်ထပြီး ပြုံးပြနှုတ်ဆက်သည်

'​​သြော် ကြယ်..လာလာ အထဲဝင်'

အထဲဝင်ဖို့ အားတုံ့အားနာဖြစ်နေဟန်ရှိတာကြောင့် Yue ကိုယ်တိုင်ဘဲ လက်ကိုဆွဲကာ အထဲခေါ်သွင်းလိုက်သည်

'အစ်မက ညနေလောက်မှလာမယ်ထင်ထားတာ စောသားပဲ'

'ဟုတ်အစ်မ ညနေလောက်မှလာရင် အစ်မအလုပ်ရှုပ်နေမယ်ထင်လို့'

'ဒါနဲ့ အကြာကြီးစောင့်လိုက်ရလား အစ်မ D-day ဆိုတာမေ့ပြီး အိပ်မိသွားလို့ ဆောတီးပါကွယ်'

'မဟုတ်တာ ကြယ်ကသာ လာပြီးအနှောက်အယှက်ပေးမိတာ'

'ရပါတယ် အားမနာနဲ့နော် ကိုယ့်အိမ်လို သဘောထား'

'ဟုတ်ကျေးဇူးတင်ပါတယ်'

'သြော် ပြီးတော့ တစ်ခုခုလိုတာရှိရင် အစ်မကိုပြော စားချင်တာရှိရင်လည်းပြော အစ်မချက်ပေးမယ် နောင်တမရချင်ရင်တော့ ရေခဲသေတ္တာမှာ ဖုန်းနံပါတ်လေးတွေကပ်ထားတယ် စားပွဲပေါ်မှာ Menu စာရွက်တွေရှိတယ်'

'ဟားဟား...ဟုတ်ကဲ့'

'အစ်မ အခန်းဆီလိုက်ပို့ပေးမယ် လာ'

Luggage တစ်လုံးကို ကိုင်ပြီး Yue အရှေ့ကသွားသလို လင်းလက်ကြယ်ကလည်း ကျန်တဲ့ Luggage တစ်လုံးကိုဆွဲပြီး အနောက်ကလိုက်လာသည်

SoulWhere stories live. Discover now