Part-2(Unicode)

2.3K 185 5
                                    

လင်းလက်ကြယ် အတွင်းရေးမှူးဟောင်း ဖြိုးသီရိရဲ့ ခုံမှာထိုင်ရင်းစာရင်းတွေစစ်ကြည့်နေတုန်း သူမအရှေ့က ဖြတ်လျှောက်သွားသည့် အမျိုးသမီးတစ်ဦးအားကြောင်အစွာငေးနေမိသည်။ ထိုအမျိုးသမီးကား သူမကိုတစ်ချက်တောင်စောင်းငဲ့ကြည့်မသွားဘဲ ရုံးခန်းဆီသို့သာ ဦးတည်နေသည်။ လင်းကြည့်နေတုန်းမှာပဲ ထိုအမျိုးသမီးက ရုံးခန်းတံခါးလက်ကိုင်ကို ဆွဲဖွင့်ကာ ဝင်ဖို့လုပ်နေသည်နှင့်

'အစ်မ..အစ်မ'

ခေါ်သံရပ်တန့်သွားသည့် သွယ်လျလျလက်တစ်စုံ။

'ဘယ်သူနဲ့ တွေ့ဖို့လဲမသိဘူးရှင့်'

လင်းလက်ကြယ်ရဲ့ မေးခွန်းကိုအလိုမကျဖြစ်သွားကြောင်းအနောက်ကိုလှည့်ကြည့်လာသည့် အေးစက်စက်မျက်ဝန်းတို့အထက်က မျက်ခုံးတန်းကပြသနေသည်။

'ကြိုချိန်းဆိုထားတာရှိလားရှင့်။ မရှိရင်သူဌေးနဲ့တွေ့လို့မရပါဘူးရှင်'

'ကြိုချိန်းဆိုထားတာမရှိပါဘူး'

Yue Mirasan ကသိသိရက်နှင့်တမင်လုပ်နေသည်။ ပထမကတော့ ရှင်းပြဖို့တွေးမိပါသေးတယ်။ ဒါပေမယ့် လွန်ခဲ့သောရက်သတ္တကမှ ကော်ဖီပူပူနှင့် မိတ်ဆက်ပေးခဲ့သည့် ဓာတ်လှေကားရှေ့ကကောင်မလေးကို သတိရသွားသည်နှင့် ရှင်းပြချင်စိတ်ကမရှိတော့။ ဒါ့အပြင်သူမရှေ့က ကောင်မလေးကတော့ ထိုနေ့ရဲ့အဖြစ်အပျက်ဆိုးတစ်ခုကို မှတ်မိတော့မည်မထင်။

'အဲ့တာဆိုရင် ဝင်လို့မရပါဘူးရှင့်'

လင်းလက်ကြယ်က ပြောပြောဆိုဆိုပဲ တံခါးလက်ကိုင်ကိုကိုင်ထားတဲ့ ထိုအမျိုးသမီးရဲ့ လက်အပေါ်ကထပ်ကိုင်လိုက်ပြီး အနည်းငယ်ဟနေတဲ့တံခါးကိုပြန်ဆွဲပိတ်လိုက်သည်။ ဘယ်လောက်ပဲ ဒီအလုပ်ကိုမလုပ်ချင်ဘူးပြောပြော အနည်းဆုံးတော့ သူမမှာ တာဝန်သိစိတ်ရှိ​သေးသည်။ ဘယ်သူဘယ်ဝါရယ် မသိတဲ့လူတစ်ယောက်ကို ရုံးခန်းထဲ လွယ်လွယ်ကူကူပေးဝင်စရာအကြောင်းမရှိဟု လင်းလက်ကြယ် ယူဆထားသည်။

အချိန်တော်တော်ကြာသည်အထိ စကားသံထွက်မလာသော ထိုအမျိုးသမီးက သူမရဲ့အကြည့်တို့ကို လင်းလက်ကြယ်ဆီမှတစ်ဆင့် တံခါးလက်ကိုင်သို့ ပို့ရင်း အောက်နှုတ်ခမ်းအတွင်းသားတွေကို ဖိကိုက်လိုက်သည်။ ထိုအပြုအမူကိုမြင်တော့မှ ရုတ်တရက်သတိထားမိသွားပြီး ထိုအမျိုးသမီးရဲ့လက်တွေအပေါ်မှဖယ်ရှားခြင်းမပြုရသေးသည့် လက်ချောင်းတွေကိုအလျှင်အမြန်ပဲရုတ်သိမ်းလိုက်ကာ

SoulWhere stories live. Discover now