'ဟယ်လို အစ်မ..'
'......'
'ဟယ်လို ကြားရလားအစ်မ'
'......'
'အစ်မ....အစ်မတစ်ခုခုဖြစ်နေတာလား'
'......'
Yue အခုထိ အသိစိတ်မကပ်သေးဘူး ဖုန်းကို နားမှာကပ်ထားပြီး ကုတင်ခြေရင်းမှာထိုင်နေသည် ခြေချောင်းတွေက်ုလည်း အတွင်းဘက်ကိုကုတ်ပြီး ဖွက်ထားသည်
'အစ်မ ဘာဖြစ်တာလဲလို့..အစ်မ.ကြယ်စိတ်ပူလာပြီ'
'......'
'အခုဘယ်မှာလဲ...'
'အိမ်မှာ..'
'တစ်ခုခုဖြစ်နေတာလားအစ်မ အခုချက်ချင်းလာခဲ့မယ်'
'အင်း'
တူ..တူ..
ဖုန်းကျသွားတဲ့ အသံကြားလိုက်သည် အခုထိကုတင်ခြေရင်းမှာ ထိုင်ပြီး ခြေချောင်းတွေကို ဖွက်ထားတုန်းပဲ
'1...2...3...4...5....6....7..........................100..101...'
နှလုံးခုန်နှုန်းငြိမ်အောင် နာရီစက္ကန့်လက်တံအတိုင်းရေတွက်နေသည်နည်းနည်းလေး တည်ငြိမ်လာတော့မှ
ဘုရားရေ.....ငါဘာလို့ လင်းလက်ကြယ်ကို ခေါ်မိတာလဲ**********
လင်းညဝတ်အင်္ကျီကိုမှ အပေါ်ထပ်အပါးလေးထပ်ဝတ်လိုက်သည် ခုံပေါ်မှာ တင်ထားတဲ့ ပိုက်ဆံအိတ်နဲ့ ကားသော့ကို ယူကာ ခြေသံလုံလုံနဲ့ အောက်ထပ်ကို ဆင်းလာတုန်း
'မမလေး'
'အမေ့'
လှေကားအောက်မှာ ရေဘူးတစ်ဘူး ကိုင်ပြီးရပ်နေတဲ့ မိချို
'လန့်တာဟယ် ဒီမှာဘာလုပ်နေတာလဲ'
'မိချို တစ်ရေးနိုးရေဆာလိုလာယူတာ မမလေးကကော ဘာလုပ်..အဲ ကားသော့ကြီးနဲ့ ဘယ်သွားမလို့လဲ ဦးလေးသိရင် ဆူဦးမယ် မမလေးကလည်း'
'တိုးတိုးမယ်ချိုရယ် နင်အသံနဲ့ နိုးကုန်တော့မှာပဲ ငါအရေးကြီးကိစ္စသွားစရာရှိလို့ အဲ့တာ ဖေဖေမနိုးခင်ပြန်လာမယ်'
'ဦးလေးသိသွားရင် အဆူခံရဦးမယ် မသွားပါနဲ့'
'နင်သာပြန်မပြောနဲ့ ဖေဖေမသိဘူး နော် မယ်ချိုနော် မိုးမလင်းခင်ပြန်လာမယ်'
![](https://img.wattpad.com/cover/264142260-288-k972284.jpg)
YOU ARE READING
Soul