Part-46 (Unicode)

729 65 5
                                    

'အာ ရှက်ဖို့ကောင်းလိုက်တာ'

ခင်သက်အိမ်က Yue Mirasan ကမ်းပေးတဲ့ တစ်သျှူးစကိုလှမ်းယူကာ စိုစွတ်နေသည့် ပါးပြင်ကိုခပ်ဖွဖွသုတ်လိုက်သည်။ Yue-chan ရှေ့မှာဆို ခနခနငိုဖူးပေမယ့် ဒီတစ်ကြိမ်တော့ အရင်ကနဲ့မတူညီ။ အစ်မတစ်ယောက်အနေဖြင့် ပထမဆုံးစိတ်သွင်းရသည်မို့ အနည်းငယ်ရှက်မိသည်။

'ဒီနေ့ ခပ်ချောချောလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးစရာရှိမယ်။ သဘောကျရင် သူ့ကိုချိတ်ပေါ့'

'Yue-chan နော်..ကိုယ့်အစ်မကို'

အဆုံးသတ်မှာ အသံကတုန်သွားပေမယ့် အလျင်အမြန်ပဲ ထိန်းလိုက်နိုင်တယ်။ နှလုံးသားရဲ့ နာကြင်မှုကိုတော့ ထိန်းသိမ်းဖို့မဖြစ်နိုင်ဘူး။

ကိုယ့်အစ်မကို..တဲ့။ နောက်ထပ်တစ်ကြိမ်ထပ်ပြီး အသက်ရှူကြပ်မိပြန်တယ်။

'ကောင်မငယ်လေးပဲ..၊ လင်းလက်ကြယ်နဲ့ အသက်တူတူလေ..။ အို ဟုတ်သား..၊ Zuki နဲ့လည်း အတူတူပဲ'

'ဟိတ်..တို့ lesbian မဟုတ်ဘူးနော်'

'ဟင် ယောက်ျားလည်းမကြိုက်၊ မိန်းမလည်းမကြိုက်နဲ့ ဘာကြီးတုန်း အဲ့တာဆို'

Yue Mirasan ရဲ့ဘာကြီးတုန်းမှာ ခင်သက်အိမ်ဟာ အသံထွက်သည်အထိ တဟားဟားရယ်သည်။ ဟန်ဆောင်ရယ်နေတာမဟုတ်ဘဲ တကယ့်ကိုသဘောတကျရယ်နေတာပါ။ သူမရဲ့လောလောလတ်လတ်ပဲရထားတဲ့ ညီမငယ်လေးရဲ့ အပြုအမူက သိပ်အူယားဖို့ကောင်းနေလွန်းတယ်လေ။

အသိစိတ်တွေသာမရှိရင် သူမရှေ့က အရပ်မြင့်မြင့် အသားဖြူဖြူနဲ့ ဂျပန်-မြန်မာကပြားမလေးကို ပြေးနမ်းမိမှာ။ သို့ပေမယ့် သိပ်ကံဆိုးတာပဲ။ ဘယ်လိုအခြေအနေရောက်ရောက် သူမဆီမှာ အသိစိတ်ကပ်တယ်။

'မသိပါဘူး၊ ကိုယ့်ဟာကိုယ်လည်း ဘာကြီးမှန်း'

'မမ'

'ရှင့်...'

ပါးရိုးလေးမို့တက်သွားသည်။ ပြီးတော့ သိပ်လှပါချည်ရဲ့ဆိုတဲ့ မျက်ဝန်းတွေဟာလည်း ကွေးညွတ်သွားသည်။ လုံလောက်ပြီ။ ဒီလောက်ဆို သေချင်သေလို့ရပြီ။

'ပြောလေ Yue-chan'

အချိန်တော်တော်ကြာသည်အထိ ဘာစကားတစ်ခွန်းမှမဆိုဘဲ ပြုံးရယ်နေသူနားကိုသွားကာ လက်တို့မေးလိုက်သည်။

SoulWhere stories live. Discover now