Part-27

565 41 10
                                    

အအေးလွန်သည့် ရာသီဥတုဖြစ်နေတာကြောင့် ရေနွေးကန်ထဲက လုံးဝမထွက်ချင်။ Zuki ကိုယ်တိုင် သေချာလေး ရေနွေးစပ်ပေးထားလို့ထင်သည်။ ပုံမှန်ထက်ပိုပြီး ဇိမ်ကျလွန်းနေသည်။ ရေစိမ်နေရင်းနဲ့ ကြယ့်ကိုရုတ်တရက်လွမ်းလာတာကြောင့် ရေချိုးကန်ဘောင် ဘေးက နံရံပေါ်တွင်ကပ်ထားသော ကြိုးဖုန်းကိုလှမ်းယူလိုက်ကာ အလွတ်ရနေသော ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး ခေါ်လိုက်သည်။ဖုန်းဝင်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ 'တီ' ဆိုသည့် မြည်သံနှင့် အတူ မြတ်နိုးရသောအသက်ရှူသံ မျှင်းမျှင်းလေးကပါထွက်ပေါ်လာသည်။

'ဟယ်လို..ကြယ်'

'ချောချောမွေ့မွေ့ အိမ်ပြန်ရောက်ရဲ့လား'

'အင်း ရောက်ပြီ'

'တော်ပါသေးရဲ့..စိတ်ပူနေတာ။ အခုကော ဘာလုပ်နေတာလဲဟင်'

'ဟင် အစ်မလား။ ရေချိုးနေတာ...ဒီအတိုင်းကြယ့်ကိုလွမ်းလာလို့'

'ကြယ်ကောပဲ လွမ်းတယ်။အခုကြယ်က အစ်မအိပ်ခန်းထဲမှာ ထိုင်နေတာ'

'မနက်အစောကြီးပဲ ရှိသေးတယ်။အင်း.. ဒီမှာ မနက် ကိုးနာရီဆိုတော့ ဟိုမှာ ခြောက်ခွဲပဲရှိဉီးမယ့်ဟာကို'

စိုးရိမ်တကြီးနဲ့လှမ်းပြောလိုက်တော့ တစ်ဖက်ကနေ အပြစ်လုပ်ထားသည့်ရယ်သံနှောလေးကိုကြားလိုက်ရ
သည်။ မျက်နှာမမြင်ရပေမယ့်လည်း သွားစွယ်လေးတွေပေါ်သည်အထိပြုံးနေလိမ့်မည်ဆိုတာ သေချာသိသည်။

'ဟီး..မဆူနဲ့နော်။ တကယ်တော့ အိမ်မပြန်ရသေးဘူး။တစ်ညလုံးအစ်မတိုက်ခန်းမှာပဲရှိနေခဲ့တာ။ လိမ်လို့ရရဲ့သားနဲ့ အမှန်အတိုင်းပြောပြနေတာမို့ ကြယ့်ကိုမဆူရဉီးနော်..'

ချက်ချင်းပဲ ဖုန်းထဲက ထချွဲပြီးပြောနေတဲ့ပုံက မသိရင် Yue ကိုပဲမလိမ်လို့ပါဆိုပြီးပဲ ချီးကျူးပေးရမည့်ပုံစံမျိုး။ ဒီကလေးစုတ်ကတော့လေ တတ်လည်းတတ်နိုင်လွန်းတယ်။

'ဒါပေမယ့်လည်း အန်ကယ်တို့ စိတ်ပူနေမှာပေါ့ ကလေးမလေးရဲ့'

'ဘာမှမဖြစ်ပါဘူး..။ဖေဖေ့ဆီဖုန်းဆက်ပြီး ခွင့်တောင်းထားပြီးသား။ ရတယ် အဆင်ပြေတယ်တဲ့လေ..'

SoulWhere stories live. Discover now