Part-6

967 34 0
                                    

ရုံးခန်းထဲမှာ Yue နဲ့ ဒါရိုက်တာအချို့ အစည်းအဝေးထိုင်နေကြပြီး ရုံးခန်းအပြင်ဘက်ကလင်းကတော့ တော်တော်စိတ်လှုပ်ရှားနေသည် မကြာခင်မှာပဲ ဈေးကွက်ပိုင်းက မန်နေဂျာတစ်ယောက် ရုံးခန်းထဲကိုဝင်သွားသည် ခနကြာတော့ အမနဲ့ဒါရိုက်တာတွေ ထွက်လာသည် မျက်နှာလည်း သိပ်မကောင်းကြ

'ဒီနေ့ result ထွက်မယ်ဆိုတာ အားလုံးသိထားကြမယ်လို့ထင်ပါတယ် ဟင်း... ဒီနေ့ည မဖြစ်မနေအိမ်ပြန်မှ ဖြစ်မယ်ဆိုတဲ့ လူတွေရှိလား'

Yue ပြောလိုက်တော့ အကုန်လုံးရဲ့မျက်နှာတွေက စိုးရိမ်မှုတွေအပြည့် လက်အုပ်ချီပြီးဆုတောင်းတဲ့လူက ဆုတောင်းလို့

'အမတို့ရဲ့ ထုတ်ကုန်ပစ္စည်းက ဈေးကွက်ထဲမှာ....87% နေရာပြန်ယူနိုင်သွားပြီ Congratulations ပါ အားလုံးပဲ ပင်ပန်းသွားခဲ့ရပြီ တော်ကြပါတယ်'

'ဟေး....'

စကားဆုံးတော့ အကုန်လုံးက လက်ခုပ်လက်ဝါးတွေတီးပြီး အော်ဟစ်နေကြသည်

တကယ်ပါ မျက်နှာတည်ကြီးနဲ့ဆိုတော့ ပထမက လန့်ပြီး ဘုရားစာတွေတောင် စိတ်ထဲကရွတ်နေခဲ့တာ တော်တော်ဆိုးတဲ့ အမ

'ကဲကဲ အကုန်လုံးအိမ်ပြန်မှ ဖြစ်မယ့်လူရှိပါသလား တို့ ညစာလိုက်ကျွေးချင်လို့'

'မရှိပါဘူး...'

'ဟုတ်ပြီ နောင်လည်း ဒီလိုမျိုးကြိုးစားပေးကြပါဦး'

'ဟုတ်ကဲ့ပါ....'

ညနေရုံးဆင်းတော့ company အနီးအနားက ဆိုင်တစ်ဆိုင်ကိုရွေးပြီးထွက်လာကြသည်

'ကြိုက်တာ မှာနော် တို့ကိုအားမနာကြနဲ့'

'ဟီး ကျေးဇူးတင်ပါတယ် CEO'

အကုန်လုံးက လူငယ် လူလတ်ပိုင်းတွေဖြစ်တာကြောင့် အစားချည်းပဲတော့ သက်သက်မဖြစ်နိုင် အသောက်ကလည်းပါသေးသည် Yue ကတော့ သောက်နေကျ Ice chocolate တစ်ခွက်သာ မှာလိုက်သည်

မှာထားတဲ့ ဟင်းပွဲတွေ အကုန်စုံတော့ အကုန်လုံးက မတ်တပ်ရပ်လိုက်ပြီး ခွက်တွေကိုလေပေါ် မြှောက်ကာ

'Yue limited ဒီထက်မကအောင်မြင်ပါစေ...cheer...'

'cheer..'

မျက်နှာတည်တည်နေတတ်ပေမယ့် ဝန်ထမ်းတိုင်းက ချစ်ကြသည် စည်းကမ်းတင်းကျပ်လွန်းပေမယ့် အကုန်လုံးက Yue ဆီကလွဲပြီး တခြားမှာ အလုပ်မလုပ်ချင် Yue လက်အောက်မှာဆို အထက်ကိုဖားဖို့မလိုသလို အောက်ကိုလည်းဖိလို့မရ

SoulWhere stories live. Discover now