Part-16(Unicode)

1.7K 148 1
                                    

နေ့ခင်းနေ့လည်ဟာ အရင်အတိုင်းပဲ တိတ်ဆိတ်သွားခဲ့ပေမယ့် ပုံမှန်မဟုတ်တဲ့ နေသားမကျမှုကြီးက အစားထိုးဝင်ရောက်လာသည်။ TV ကလာတဲ့ ဇာတ်လမ်းဟာ စဖွင့်ချိန်ကတည်းကအရေးပေးခြင်းမခံရသလို ဘာလှုပ်ရှားမှုမှမရှိတဲ့ နံရံကတော့ အမျိုးသမီးတစ်ဉီးရဲ့ စိုက်ကြည့်ခြင်းတွေကို အလူးအလဲခံနေရသည်။

ခေါင်းထဲမှာ အတွေးတွေလုံးဝပျောက်ဆုံးပြီး ဗလာဖြစ်နေချိန် သက်ပျင်းတိုလေးကို အသာချပြီး ခြေလှမ်းတို့က အခန်းငယ်တစ်ခုဆီသို့ သယ်ဆောင်သွားသည်။

နေ့ခင်းဘက်ဖြစ်သော်လည်း နေရောင်ခြည်မဝင်နိုင်သော အတွင်းခန်းဖြစ်တာကြောင့် ဧည့်ခန်းဆီမှ တိုးဝင်လာသည့် အလင်း​တန်းက တံခါးပေါက်မှတစ်ဆင့်အိပ်ခန်းအတွင်းသို့ အနည်းငယ်ဖြန့်ကျက်လျက်ရှိသည်။ အိပ်ခန်းအတွင်းကျရောက်နေတဲ့ အလင်းရောင်တန်းနဲ့ လုံလောက်ပုံမပေါ်တဲ့ ထိုအမျိုးသမီးဟာ နံရံပေါ်မှာရှိသည့် မီးလုတ်ကိုလက်ဖြင့်စမ်းပြီး ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ဒေါက်ဆိုတဲ့ မြည်သံနဲ့အတူ လင်းထိန်သွားသည့် အခန်းငယ်က အသုံးပြုသူမဲ့လျက်ရှိနေသည်။

အခန်းငယ်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရခြင်းမှာပဲ ပထမဆုံးလုပ်မိတာက ပြုံးတာ...ဒုတိယလုပ်မိတာက အသံမထွက်ဘဲ စိတ်ထဲကချီးကျူးလိုက်တာ...တတိယ လုပ်မိတာက ဆက်လက်ပြုံးနေတာ

ဒီကလေးဟာ သူနေခဲ့တဲ့အိပ်ခန်းကို ပြီးပြီးရော ထားခဲ့ခြင်းမျိုးမဟုတ်ဘဲ သန့်ရှင်းရေးလုပ်ပြီး ပစ္စည်းတွေကို သူမရှိခင်တုန်းကအတိုင်း စနစ်တကျပြန်လုပ်ပေးထားခဲ့သည်။ ဒါတွေပြီးတော့မှ နောက်ဆုံးကျန်တဲ့ ထွက်သွားခြင်းကို ပြုခဲ့တာ...။

ချန်ထားရစ်ခံခဲ့ရတဲ့ အမျိုးသမီးကတော့အကြောင်းပြချက်တစ်စုံတစ်ရာမပါဝင်ဘဲ မြင်ဖူးနေကျအခန်းကို အထူးအဆန်းလုပ်ပြီး အသေးစိတ်ပတ်ကြည့်နေသည်။ နံရံမှာ ချိတ်ဆွဲထားတဲ့ ရေဆေးပန်းချီကားချပ်တွေက အစ အသေးစိတ်ပုံဖော်ထားတဲ့ ကနုတ်ပန်းတွေအဆုံး။

အိပ်ယာခင်းဖြူဖြူမှာ ထင်ရှားစွာနေရာယူထားတဲ့ စတုရန်းပုံစံလက်ဆောင်ဘူးအနီရောင်လေးကို သတိထားမိသွားတော့ ခြေလှမ်းအစုံကရပ်တန့်သွားပြီး ကုတင်စွန်းတွင် တင်ပလွှဲဝင်ထိုင်လိုက်သည်။

SoulDove le storie prendono vita. Scoprilo ora