Part-24

680 37 3
                                    

ဟေး..ယူလေးတို့က Part-23 ကိုမတွေ့ဘဲ ကျော်ဖတ်နေကြတာလား [23 ကိုသတိမထားမိဘဲ ဖတ်သွားတာလေးတွေတွေ့လို့ 23 ရှိပါသေးတယ်လို့:') ]

_______

ပြေးသည်...အဆုံးမရှိသောလမ်းကိုပြေးသည်။ သူမရောက်သည့်နေရာက အလင်းရောင်ဆိုတာ မြူမှုန်တစ်စမျှတောင်မရှိသည့် မဟူရာချောက်နက်ကြီး။ ထိုချောက်နက်ကြီးထဲမှာ အလင်းရောင်ကိုရှာဖွေနေရင်းနဲ့ပဲ သူမလမ်းပျောက်နေသည်။

ရင်ဘတ်တစ်ခုလုံးတင်းကြပ်ပြီးမောဟိုက်လာသည်ထိတိုင် မရပ်နားဘဲအလင်းစကိုသာဆက်လက်ရှာဖွေနေသည်။ အချိန်ဘယ်လောက်ကြာအောင်ပြေးနေခဲ့မှန်းမသိသည့်ခြေထောက်တို့က ကိုင်ရိုက်ထားခံထားရသလိုပင် နာကျင်စပြုလာပြီဖြစ်သည်။ ထိုအချိန်မှာပဲ သူမရှေ့တည့်တည့်မှ ရုတ်တရက်ထွက်ပေါ်လာသော အလင်းစူးစူး​က မျက်လုံးတွေကျိန်းစပ်သွားစေတာကြောင့် အလျင်အမြန်ပဲပိတ်လိုက်ပြီး မျက်နှာရှေ့ကိုလက်နှစ်ဖက်ဖြင့်ကာလိုက်သည်။

'လင်းလက်ကြယ်'

နူးညံ့သောနှုတ်ဖျားမှထွက်လာသည့် သူမရဲ့အမည်နာမကြောင့် စူးစမ်းလိုစိတ်ဖြင့် မျက်လုံးတွေကိုအသာဖွင့်လိုက်ပြီး လက်ချောင်းတွေကြားမှထိုအလင်းတန်းကို ကြည့်လိုက်သည်။

သူမပထမဆုံးမြင်တွေ့လိုက်ရတာက ဆံနွယ်ရှည်တွေ။ ခဲရောင်ဆံနွယ်ရှည်တွေက တံတောင်ဆစ်နားတစ်ဝှိုက်မှာ ဝဲနေတာကြောင့် အမျိုးသမီးတစ်ဉီးဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။ ထိုမှတစ်ဆင့် အပေါ်ဘက်ကိုတက်လိုက်တော့ ကျော့ရှင်းသည့် လည်ပင်းနှင့်ညှပ်ရိုးတစ်စုံ။ ပြီးတော့ ထူးခြားပြီးလှပတဲ့ အသဲပုံနှုတ်ခမ်း။ ပြီးတော့ နှာတံချွန်ချွန်လေး....။ထိုနှာတံချွန်ရဲ့အထက်မှာမှ နူးညံ့သယောင်နဲ့စူးရှလွန်းသည့် မျက်ဝန်းတွေ...။ အစ်မ....ဒါဟာ သူမမြတ်နိုးရသည့် အမျိုးသမီးပဲ။

'အစ်မ...'

ခြေထောက်ကနာကျင်မှုကိုတောင် ဂရုမစိုက်တော့ဘဲ ပျော်ရွှင်စွာနဲ့ပြေးသွားပြီး ပွေ့ဖက်လိုက်တော့ သူမပွေ့ဖက်လိုက်သည့်အရာက သူမထင်ထားခဲ့သည့်အမျိုးသမီးဟုတ်မနေဘဲ လေဟာနယ်သက်သက်သာ။ မဖြစ်နိုင်တာ...အခုလေးတင်အစ်မက ဒီမှာရှိနေခဲ့တာ။

SoulWhere stories live. Discover now