Part-17(Unicode)

1.9K 169 5
                                    

ရုံးခန်းတံခါးကပွင့်လာလို့ ပျော်သွားခဲ့ပေမယ့် ဝင်လာတာက မြင်တွေ့ချင်သူဟုတ်မနေ။ ဌာနတစ်ခုခုက ဝန်ထမ်းကောင်မလေးက အစ်မရဲ့ အိတ်ကို သူ့နေရာမှာ လာထားပေးခြင်းသာ။ အနောက်မှာများပါလာမလား ကြည့်နေပေမယ့် ဘယ်သူမှမရှိ။

'ညီမလေးရေ အစ်မကော'

'အောက်မှာ ရောက်နေတယ်မမ'

'ဟုတ်လား ဘာဖြစ်လို့လဲအပေါ်တက်မလာဘူးလား'

'ရောက်ရောက်ခြင်းတော့ အပေါ်တက်သွားတာပဲ ခနနေတော့ ပြန်ဆင်းလာပြီး အိတ်လာထားခိုင်းတာပဲ'

ဟင်...ရောက်လာသေးတာလား။ လင်းလည်းမတွေ့မိပါဘူး။ ဘယ်လိုဖြစ်ပြီးတော့များ....။

'ဟုတ်ပြီ ဟုတ်ပြီ ညီမလေး ကျေးဇူးပဲ'

'ဟုတ်မမ'

ကောင်မလေးက အိတ်ထားပြီးတာနဲ့ အခန်းထဲက ပြန်ထွက်သွားသည်။ လင်းလည်း အစ်မရောက်နေတာ သိပြီဖြစ်တာကြောင့် လုပ်လက်စတွေ ပြန်သိမ်းလိုက်ပြီး အောက်ကိုဆင်းလာသည်။

ဓာတ်လှေကားတံခါးဖွင့်သွားသွားခြင်း မြင်လိုက်ရတဲ့ လင်းချစ်ရသူလေး...။ လက်ပိုက်ထားကာ ခြေလှမ်းသွက်သွက်လေးတွေနဲ့ အသွားအပြန်လျှောက်လိုက်တိုင်း လှုပ်ခတ်သွားသည့် ခဲရောင် လှိုင်းအတွန့်ဆံနွယ်တစ်ချောင်းချင်းဆီကအစ မြတ်နိုးစွာရပ်ကြည့်နေမိသည်။

လင်းရောက်နေတာကိုအခုထိမမြင်သေးဘူး။ ဆက်လျှောက်နေတုန်းပဲ။ တခြားဝန်ထမ်းတွေအကုန်လုံးကလည်း အစ်မကြောင့် အသံတစ်သံတောင်မထွက်ရဲကြဘူး။ အစ်မခြေဖဝါးအောက်က ဒေါက်ဖိနပ်သံက အောက်ထပ်တစ်ခုလုံးမှာ လက်ရှိကြားနေရတဲ့ တစ်ခုတည်းသောအရာပဲ။

'အစ်မ'

မကြားဘူးထင်သည်။ အနားကိုသွားရပ်ပြီး ကိုယ်ထင်သွားပြပါဉီးမှပါပဲ။

'အစ်မ'

ဘေးမှာသွားရပ်ပြီး ခေါ်လိုက်ပေမယ့် လုံးဝလှည့်မကြည့်ဘူး။ ပုံမှန်အတိုင်းပဲ လမ်းဆက်လျှောက်နေသည်။ ဟင့်အင်း....ဒါမကြားတာမဟုတ်ဘူး။

အစ်မကိုကျော်ပြီးကြည့်လိုက်မိတော့ အကုန်လုံးက လင်းကို ကျေးဇူးပြုပြီးကယ်တင်ပေးပါဆိုတဲ့အကြည့်မျိုးနဲ့ အသနားခံနေကြသည်။ သူတို့လည်း အစ်မသွားမှ သက်တောင့်သက်သာနေနိုင်ကြမှာလေ။

SoulWhere stories live. Discover now