Part-45(Unicode)

1K 85 10
                                    

'မင်္ဂလာပွဲအကြီးကြီး လုပ်ပေးချင်တာကို..'

လက်သူကြွယ်က စကြာဝဠာအသေးစားလေးကိုငုံ့ကြည့်ရင်း ဝမ်းနည်းစွာစကားဆိုလာသူကို စိတ်သက်သာရာရစေဖို့အတွက် နှုတ်ခမ်းတစ်စုံကိုအလုပ်ပေးလိုက်တယ်။ အခုနောက်ပိုင်းရက်တွေမှာ စကားများလွန်းတဲ့ နှုတ်ခမ်းတစ်စုံကို ပိတ်ဖို့အတွက် နှုတ်ခမ်းတစ်စုံကိုပဲ အသုံးချဖြစ်တယ်။

ဝမ်းနည်းနေတဲ့အရိပ်အယောင်အပြည့်ရှိတဲ့ စကားသံတွေကို နားမဆင်ဝံ့ဘူး။ ထိုအမျိုးသမီးဆီ နှလုံးသားကိုအပ်နှံပြီးနောက်ပိုင်းမှာ လင်းလက်ကြယ်ဟာ သိပ်ကိုထိရှလွယ်လာတယ်။ သိပ်ကို နူးညံ့တတ်လာတယ်။ Yue Mirasan နှုတ်ကထွက်တဲ့ စကားလုံးတွေရဲ့ အသံနေအသံထားအပေါ် မှီတည်းပြီးတော့တောင် သူ့အတွက် ဒါဏ်ဖြစ်စေတယ်။ ဆေးဖြစ်စေတယ်။

'လူတွေအများကြီးနဲ့ အတူရှိနေရတာမကြိုက်ဘူး။ ရှင်နဲ့ပဲ တိတ်တိတ်လေး၊ ငြိမ်ငြိမ်လေးရှိနေချင်တာ..'

'တို့အတွက်တော့ အဆင်မပြေဘူးရယ်'

Yue Mirasan ဟာ သူ့လက်သူကြွယ်က လက်စွပ်ကို ထပ်ပြီးငုံကြည့်ပြန်တယ်။ ထိုအမျိုးသမီးဟာ သူ့အတွေးတွေကို ထုတ်ပြောပြဖို့ စာတွေစီပြီးလောက်ပြီ။

'တစ်ချိန်ရောက်ရင် မင်္ဂလာပွဲ အကြီးကြီးလုပ်ချင်တယ်။ သတင်းစာတွေထဲအထိ အစ်မတို့လက်ထပ်ပြီးစီးကြောင်းထည့်ချင်တယ်။ လူအများကြီးရှေ့မှာ မင်းကတို့တစ်ဦးတည်းအပိုင်ဖြစ်ကြောင်း အသိပေးချင်တယ်။ တို့အမျိုးသမီးက ဘယ်လောက်လှကြောင်း တိုင်းသိပြည်သိကိုကြွားချင်တာ'

'ဟုတ်ပြီလေ..။ အစ်မပြောတဲ့ အဲ့တစ်ချိန်ကိုရောက်လာရင် အဲ့လိုလုပ်ကြတာပေါ့။ ကြယ်ဆက်ပြီး စောင့်ပါ့မယ်'

လက်ဖမိုးကို ခပ်ဖွဖွလေးအနမ်းခြွေတော့ စိတ်ကျေနပ်သွားတယ်ထင်ပါတယ်။ ဘာမှဆက်ပြီးမပြောတော့ဘူး။

'အိမ်မှာ Hotpot ဖြစ်ဖြစ်လုပ်စားကြမလား။ ပွဲတစ်ခုခုတော့လုပ်သင့်တယ်ထင်တယ်'

အကျင့်မရှိတဲ့ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးပြီးခေါင်းကိုအနည်းငယ်စောင်းငဲ့ပြီး မေးလိုက်တဲ့အပြုအမူက အသဲယားစရာ..။
Yue Mirasan က ကားစီယာရင်ကို လက်နဲ့တင်းတင်းဆုပ်ကိုင်လိုက်တယ်။ အဲ့လိုမှမလုပ်ရင် လင်းလက်ကြယ်ရဲ့ လည်တိုင် သို့မဟုတ် ပုခုံးကို သွားကိုက်မိတော့မှာ။

SoulWhere stories live. Discover now