Part-22

607 38 6
                                    

ချစ်မိသွားတဲ့အခါမှာ အရာရာတိုင်းဟာ ပျော်ရွှင်ဖို့ကောင်းတယ်တဲ့...။ ဘယ်သူဖန်တီးခဲ့တဲ့ စကားစုမှန်းမသိပေမယ့် သေချာတာကတော့ဒီစကားစုဟာ လင်းလက်ကြယ်ကိုတော့ကွေကွင်းရှောင်လျက်ရှိသည်။

_ _ _

အဆင်ပြေရဲ့လားမေးတိုင်းပြုံးပြီး ခေါင်းငြိမ့်ပြန်ဖြေတတ်ပေမယ့် ပုံမှန်ထက်ပို၍ဖြူဖျော့နေသောမျက်နှာလေးကြောင့် စိတ်ပူစွာနှင့်နှဖူးကိုခနခနစမ်းကြည့်ပြီး အပူချိန်တိုင်းရတာက Yue Mirasan ရဲ့အလုပ်တစ်ခုဖြစ်လာခဲ့သည်။

'အိမ်ပြန်လိုက်မလား'

'ဟင့်အင်း'

'တစ်ခုခုစားချင်တာများရှိလား...အစ်မသွားမှာပေးမယ်လေ'

'ဟင့်အင်း ဘာမှမစားချင်ဘူး'

ဘာမေးမေးအငြင်းဝါကျကိုသာ တွင်တွင်သုံးနေတာကြောင့် အားမရမိ။ နေ့လည်စာလည်း တစ်ဇွန်းနှစ်ဇွန်းလောက်သာစားပြီး ထွက်လာတာ Yue သိသည်။ အရသာမကောင်းလို့များလားလို့ မြည်းကြည့်လိုက်တော့လည်းမဟုတ်။စားဖို့အဆင်ပြေသည်။ မကြိုက်လို့မစားတာဆိုရင် အပြင်ကဟာမှာပေးမယ်ပြောတော့ပေမယ့်လည်း မစားချင်ဟုသာ ခေါင်းခါတတ်သည်။

အမြဲမျက်နှာရွှင်နေတတ်သူတွေတိတ်ဆိတ်သွားတဲ့အခါ ပုံမှန်လူတွေထက်ပိုသိသာသည်။ဘာတွေပဲအဆင်မပြေဖြစ်နေပါစေ ပြုံးနေတတ်သူလေးရဲ့ အပြုံးတွေပျောက်ကွယ်သွားတာက Yue ကိုပိုပြီးစိတ်ပူပန်လာစေသည်။

'မျက်နှာလေးကဖျော့နေတာလဲ...ကိုယ်လည်းမပူဘဲနဲ့ကို'

လင်းရှေ့မှာထိုင်ပြီးပျာယာခတ်နေတဲ့အမျိုးသမီးရဲ့ လက်ကိုဆုပ်ကိုင်လိုက်တော့ အနည်းငယ်ငြိမ်ကျသွားသည်။တစ်ခေါက်တစ်ခေါက်အဖျားရှိမရှိလာတိုင်းပြီးတိုင်း ​မေးပြီးသားမေးခွန်းတွေကိုသာထပ်ခါတလဲလဲပြန်မေးနေတတ်သူကြောင့် ပင်ပန်းမှုတွေကြားဆက စိတ်သက်သာရာရမိသည်။

'ဘာမှမဖြစ်ပါဘူးအစ်မရဲ့ တကယ်နေကောင်းပါတယ်...ဒီအတိုင်းနည်းနည်းပင်ပန်းနေလို့ပါ'

'အရမ်းပင်ပန်းနေမယ့်ပုံပဲ'

'အင်း'

'ခနလေးနော်'

SoulWhere stories live. Discover now