Part-44

183 15 0
                                    

'Zuki က အစ်မကိုနားလည်ပေးမှာလို့ထင်သား'

ညီမဖြစ်သူနဲ့ပတ်သက်ပြီးကြံဖန်ဂုဏ်ယူနေသူရဲ့မျက်နှာကို ရင်ခွင်ထဲမှာလှဲလျောင်းနေရာက တိတ်တခိုးမော့ကြည့်မိတယ်။ ထိုမော့ကြည့်ဖြစ်ခဲ့တဲ့ မျက်နှာကြောင့် သက်ပြင်းချဖို့အတွေးတွေက အစီအစဉ်တကျ ပျက်စီးသွားရတယ်။

'အစတုန်းကတော့ ကြောက်နေခဲ့သေးတာ။ အဲ့ကလေး အစ်မကိုမုန်းသွားလောက်မလား ဘာညာနဲ့ အတွေးတွေစုံပြီး'

'အစ်မကိုတော့ သူမုန်းရက်ပါ့မလား။ သူချစ်တဲ့လူပဲဟာကို'

သေချာတာပေါ့..။ အစ်မကိုတော့ သူဘယ်မုန်းမလဲ။ မုန်းချင်းမုန်း လင်းလက်ကြယ်ဆိုတဲ့ သူ့ကိုပဲ မုန်းမှာလေ။ ချစ်တဲ့လူကို ခိုးယူသွားတဲ့ မိန်းမကိုအငြှိုးတကြီးမုန်းနေမှာ။

'ပြဿနာကတစ်ခုပဲ ကျန်တော့တယ် ကြယ်။ ခဏလောက်ပဲ ဆက်စောင့်နေပေးနော်။ အစ်မက ကင်းကင်းရှင်းရှင်းမင်းတစ်ယောက်တည်းအပိုင်ဖြစ်ဖို့ လုပ်စရာလေးတွေနည်းနည်းပဲ ကျန်တော့တာမို့ ဆက်ပြီးတို့ကို ဆုပ်ကိုင်ထားပေးပါ။ တို့လက်ကိုလွှတ်မချပါနဲ့'

'ကြယ်က အစ်မကို ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ပါဘူး'

ကိုယ်သင်းနံ့လေးပိုရချင်လို့ လည်တိုင်ကျော့ရှင်းရှင်းဆို ခေါင်းကိုပိုပြီးတိုးဝင်လိုက်သည်။ တစ်နေ့တစ်ခြား ပိုပိုချစ်ရတဲ့မိန်းမရဲ့ ခန္ဓာမှာ သူသဘောအကျဆုံးနေရာ ထိုမိန်းမရဲ့ လည်တိုင်ပင်။

တန်ဖိုးကြီးလက်ဝတ်တန်ဆာတွေအစား စိမ်းမြမြသွေးကြောလေးတွေနှင့် အလှဆင်ထားသည့် လည်တိုင်က ချစ်သောမိန်းမရဲ့ ကိုယ်သင်းနံ့ကိုအများဆုံးပေးစွမ်းနိုင်သည်။ ထိုနေရာသည် နားခိုစရာအိမ်လည်းပဲဖြစ်သည်။ မေတ္တာငွေ့ကို ခံစားမိစေဆုံးနေရာလည်းဖြစ်သည်။

'ကြယ်လေ ယောက်ျားလေးတစ်ယောက်အနေနဲ့ မွေးဖွားခဲ့ရင်ကောင်းမှာပဲနော်'

ဘဝမှာ ပထမဆုံးတွေးမိတဲ့အတွေး။ မိန်းမတစ်ယောက်ခန္ဓာကိုယ်မှာ မွေးဖွားလာမိလို့ ဘယ်တုန်းကမှ နောင်တမရခဲ့သလို နိမ့်ကျတယ်လို့လည်းမတွေးခဲ့ဖူးဘူး။ သူရဲ့ အမျိုးသမီးဆိုတဲ့ဖြစ်တည်မှုကို ဂုဏ်ယူခဲ့ပြီး နူးညံ့မှုတွေမှာပျော်ဝင်ရတာက ဘဝရဲ့အကောင်းဆုံးအရာလို့ သတ်မှတ်ခဲ့တယ်။

SoulWhere stories live. Discover now