Part-34(Unicode)

1.2K 143 3
                                    

'ချီးယားစ်'

'ချီးယားစ်'

လေပေါ်မြောက်တက်သွားသော ပုလင်းနှစ်လုံးရဲ့ထိခတ်မှုကို မီးရောင်အောက်မှာလက်ကနဲမြင်တွေ့လိုက်ရသည်။ ပုံမှန်ဆို ဖန်ခွက်လှလှလေးတွေကိုင်ကြပေမယ့် နာကျင်ရတာတွေများလာတဲ့အခါပုလင်းတွေကိုသာ လှုပ်ရမ်းကိုင်တတ်လာသည်။

'ဘယ်တော့ ကျောင်းသွားတက်မှာလဲ'

'လိုပါသေးတယ်'

'ဟိုမှာ ဘယ်လောက်ကြာမှာလဲ'

အဓိပ္ပာယ်မရှိတဲ့မေးခွန်းတွေကိုပဲ စိတ်ဝင်တစားရှိနေသူကို တစ်ချက်ခေါင်းစောင်းကြည့်လိုက်ပြီး ပုလင်းအတွင်းရှိအနီရောင်အရည်တွေကိုမော့ချလိုက်သည်။

'ငါနဲ့အိပ်ချင်တာ ဒါတွေထိုင်မေးဖို့သက်သက်ပဲလား..ယု'

'ဟင့်အင်း..ဒီအတိုင်း သိချင်လာလို့ပါ။ နင်သွားရင် ငါတော့ တစ်ယောက်တည်းကျန်ခဲ့တော့မှာပဲ'

'တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုထက်ရှိုင်းကလည်း ငါတို့ dizzy အဖွဲ့ဝင်ပဲလေ..ဟား..အရက်သမားသုံးယောက်စုမိနေတာ'

ရည်းစားဟောင်းရဲ့နာမည်ကို စိတ်လိုလက်ရခေါ်မိပေမယ့် အတွေးတွေထဲမှာတော့ဘာမှမရှိ။ မျက်နှာပူစရာဆက်ဆံရေးဖြစ်ခဲ့တာတောင်မှ သူတို့တွေ အခုထိအခေါ်အပြောမပျက်ဘဲတွေ့နေကြတုန်းလေ။

အနည်းဆုံးတော့ ကောင်းကောင်းမွန်မွန်အဆုံးသတ်နိုင်ခဲ့ကြတာပဲ။

'သိပါရဲ့...ငါကိုဖျက်ဆီးကြတာ'

ယုမေတ္တာရဲ့ 18 နှစ်ပြည့်မွေးနေ့မှာပေါ့။ မသောက်ချင်ပါဘူးလို့ ထိုင်ရှိခိုးမတတ်ငြင်းနေတာကို coke ထဲအရက်ရောပြီးအအေးပါဆိုပြီး လိမ်တိုက်ကြတာ။ သေလို့ကောင်းကင်ဘုံရောက်ရင် တစ်ယောက်တည်းပျင်းနေမှာစိုးရိမ်လို့ပါဆိုတာကပါသေးတယ်။ သူတို့ကြောင့်နဲ့ ယုမှာအရက်သမားဆိုတဲ့ နာမည်ရလာရော။

'ဘာလုပ်ရလုပ်ရနင့်ကို ချန်မထားခဲ့နိုင်ဘူး ယုရဲ့။ ကောင်းတာတွေလုပ်နေလည်း နင့်ကိုရှိစေချင်တယ်။ မကောင်းတာတွေလုပ်နေလည်း ဘေးနား နင့်ကိုအမြဲရှိနေစေချင်တာ'

SoulWhere stories live. Discover now