Part-14(Unicode)

1.7K 159 11
                                    

ကော်ဖီနှစ်ခွက်ရယ် ပေါင်မုန့်မီးကင်ရယ်ပြီးတော့ အတွင်းဘက်မှာ ပဲတွေကို အစာသွပ်ထားဟန်ရှိသည့်အမျိုးအမည်မသိတဲ့ ဆန်မုန့်လိုလို ခပ်ဖြူဖြူ အပြားအချပ်တွေရယ်က ထမင်းစားပွဲခုံပေါ်တွင် နေရာတကျရှိနေသည် ။

တကယ်တော့ Yue ဒီနေ့ အိပ်ယာထတာနောက်ကျတာကြောင့် ကြယ်ကပဲ မနက်စာကိုသူကိုယ်တိုင်ပြင်ဆင်ထားခြင်းဖြစ်သည် ။

'မယ်ရီခရစ်စမတ် အစ်မ'

ကြယ်က ပန်းကန်ပြားထဲက စတော်ဘယ်ရီယိုသုတ်ထားသည့်ပေါင်မုန့်မီးကင်တစ်ချပ်ကို Yue ဆီသို့ကမ်းပေးရင်း နှုတ်ဆက်စကားဆိုလာသည်။ Yue ကလည်း သူကမ်းပေးတဲ့ ပေါင်မုန့်မီးကင်ချပ်ကိုယူလိုက်ပြီး ပြန်လည်နှုတ်ဆက်လိုက်သည်။

'မယ်ရီခရစ်စမတ်ပါ ကြယ်'

'မနက်စာကအဆင်ပြေရဲ့လား အစ်မ'

'ပြေပါတယ် တကယ်ဆို အစ်မလုပ်သင့်တာ အခုတော့ကြယ်က လုပ်ပေးနေတယ်'

'သူ့အလုပ်ရယ်ကိုယ့်အလုပ်ရယ်မှ မဟုတ်တာ မြင်တဲ့လူက လုပ်ရမှာပဲလေ မဟုတ်ဘူးလား'

'ဟုတ်ပါပြီ'

Yue လက်ထဲမှာ ရှိတဲ့ ပေါင်မုန့်မီးကင်ကိုသာစားနေပေမယ့် မျက်လုံးကတော့ ထိုဆန်မုန့်ပြားကမခွာ။ ကြယ့်ကိုလည်းမေးကြည့်ချင်ပေမယ့် တကယ်တမ်းကျပါးစပ်ကဘာမှထွက်မလာဘူး။ အတော်အတန်ကြာစိုက်ကြည့်ပြီးမှ ဆန်မုန့်ပြားမှာရှိနေတဲ့ အကြည့်တွေကိုရုတ်သိမ်းလိုက်ပြီး လက်ထဲက ပေါင်မုန့်မီးကင်အပေါ်တွင်သာ အာရုံစိုက်လိုက်သည် ။

မြန်မာပြည်မှာနေတာ ခြောက်နှစ်လောက်သက်တမ်းရှိနေပေမယ့် Yue မြန်မာမုန့်တွေနဲ့ ရင်းနှီးမနေ။ အမှန်အတိုင်းပြောရရင် ​ကိုယ်မသိတဲ့ အစားအသောက်တွေစားဖို့ ကြောက်တာ။ မှတ်မှတ်ရရ ဒီကိုစရောက်ပြီး တစ်ပတ်ကျော်လောက်ကထင်သည်။ အောက်ထပ်အခန်းက မုန့်ဟင်းခါးဆိုတာလာပို့တာ။ တစ်ခါမှလည်းမစားဖူးခဲ့တော့ မုန့်ဟင်းခါးမှာ ငါးပါနေတာမသိခဲ့ဘူး။အဲ့တာလည်းစားပြီးရော မသေရုံတမယ်ဆေးရုံရောက်သွားရတယ်။ အဲ့ကတည်းက မသိတဲ့အရာဆို စားရမှာ ခပ်လန့်လန့်ရယ်။ ဟိုမှာနေတုန်းကဆို Yue ရဲ့စားသောက်မှုပုံစံကိုမေမေကပဲ ထိန်းချုပ်ပေးတာ။ အခုကျတော့ ကိုယ်တိုတိုင်ပဲ ဆင်ခြေနေရတယ်။ ဒါတောင်တော်သေးတယ်ဆိုရမည်။ အောက်ထပ်မှာ ဂျပန်ဆိုင်တွေရှိလို့ မဟုတ်ရင် ကိုယ့်ဘဝကိုမတွေးရဲသလောက်ပဲ။

SoulWhere stories live. Discover now