Part-37

264 16 0
                                    

အသက် 29 နှစ်ရဲ့ပထမဆုံးမနက်ခင်းမှာ မေမေ့ဆီက ဆုတောင်းစာအရင်ဆုံးရတယ်။ နောက်..Zuki ဆီက မွေးနေ့ဆုတောင်းစကားရေးထည့်ထားတဲ့ပန်းစည်းနဲ့ ပုလဲလက်ကောက်လေးတစ်ကွင်းလက်ဆောင်ရတယ်။ ပြီးတော့ အံ့ဘုန်းခန့်ကလည်းပန်းစည်းတစ်ချို့ပို့ပေးလိုက်ပါသေးတယ်။

သူနဲ့ ရင်းနှီးကျွမ်းဝင်သမျှလူတွေဆီက လက်ဆောင်နဲ့စကားချပ်အသီးသီးရပြီးဖြစ်ပေမယ့် ကြယ့်ဆီကတော့ ဘာအကြောင်းမှမကြားရသေးဘူး။ နေ့တစ်ဝက်ကျိုးလုနီးပဲ။ အဲ့တာတောင် Yue Mirasan ကမျက်နှာတစ်ချက်မပျက်သေးဘူး။

သူတို့လုပ်နေတဲ့ လုပ်ရပ်တော်တော်များများက အခြားစုံတွဲတွေမှာဆို ပြဿနာဖြစ်နိုင်မှာပေမယ့် ဒီလိုအစွဲတွေမထားတတ်ကြတဲ့ နှစ်ယောက်ဖြစ်နေလို့ စိတ်ထဲတောင်သိပ်မရှိကြဘူး။ ပျော်ရွှင်စရာမွေးနေ့ပါလို့ ဘယ်အချိန်ချိန်လာပြောပြောရတယ်။ နောက်နေ့ကူးသွားလည်း ရတယ်။ ဒါမှမဟုတ် မပြောဖြစ်ရင်လည်း သူ့အတွက်ကရတယ်။

လင်းလက်ကြယ်က စကားလုံးတွေကြားဖို့မလိုအပ်တော့လောက်အောင် Yue Mirasan ကိုချစ်ပေးထားတယ်။ မနက်နိုးနိုးခြင်းမှာ good morning လို့နှုတ်ခွန်းဆက်ရမယ့်အစား နဖူးပြ င်ကိုလာနမ်းပေးတယ်။ ညအိပ်ရာဝင်တဲ့အခါမှာလည်း good night ပါလို့အိပ်ယာဝင်နှုတ်ဆက်ရမယ့်အစား ခြေဖမိုးတွေကိုနမ်းရှုံ့ပေးတယ်။

ဒါတင်မဟုတ်သေး...။ ဟိုတလောဖြစ်သွားခဲ့သည့် သတင်းထောက်ပြဿနာကြောင့် Public ဧရိယာတွေရောက်တဲ့အခါ တစ်ယောက်နှင့်တစ်ယောက်အဝေးဆုံးကရပ်တတ်ကြပေမယ့် Yue Mirasan ရေဘယ်နှစ်ခွက်သောက်တယ်၊ လက်ဆစ်ဘယ်နှစ်ကြိမ်ချိုးတယ်၊ ဘယ်သူတွေနဲ့တွေ့တယ်ဆိုတာကအစ လင်းလက်ကြယ်ကသိသည်။

သူတို့အတွေးတွေမမျှဝေမိခင်ကာလတုန်းက ချစ်ကြောင်းတဖွဖွပြောပြီးအသိပေးတတ်ပေမယ့် ပေါင်းစည်းသွားတဲ့အခါမှာ နှုတ်အားထက် အပြုအမူအားကိုပို၍သူမနှင့် ထိတွေ့စေတယ်။

အခုလည်းထိုမိန်းကလေးရဲ့မအားလပ်မှုအပေါ် မည်သို့မျှသဘောမထား။ သူမရဲ့ ဖုန်းမျက်နှာပြင်ထက်မှာ ကြယ်ကလေး လင်းမလာသေးပေမယ့် မြတ်နိုးလောက်စရာတွေကို ဖန်တီးနေမည်ဖြစ်ကြောင်းသေချာပေါက်ခံစားမိသည်။

SoulWhere stories live. Discover now