Part-8(Unicode)

1.8K 147 0
                                    

အလုပ်တွေနဲ့ ပင်ပန်းပြီးစိတ်ရှုပ်နေတဲ့ အချိန်မှာ အလုပ်ခုံမှာ ထိုးထားတဲ့ Purple Rose ပန်းလေးတွေက Yue ကိုစိတ်သက်သာလာစေသည် နေ့တိုင်းကြီးမဟုတ်ပေမယ့် တစ်ပတ်တစ်ခါ ကြယ်ကပန်းတစ်မျိုးစီပြောင်းပေးတယ်

ကြယ်ဆိုကာမှ သတိရတယ် အမတော်လေးကို အလုပ်ကိစ္စအပြင်သွားခိုင်းထားတာ နေ့လည်စာစားချိန်တောင် လွန်တော့မယ် အခုထိ ပြန်မရောက်သေးဘူး

ဘေးနားမှ ချထားတဲ့ ဖုန်းကို ကောက်ကိုင်လိုက်ပြီး လင်းလက်ကြယ်လို့မှတ်ထားတဲ့ နံပါတ်ကိုခေါ်လိုက်သည်

'ဟယ်လိုအမ'

'ပြန်မလာသေးဘူးလားကြယ်'

'ကြာဦးမယ်ထင်တယ်အမ ကြယ့်ကိုခနစောင့်ပေးပါပြောတယ် သူတို့ဘက်ကပစ္စည်းတွေက လွဲနေတာလေးတွေရှိတယ် သူတို့ကိုယ်တိုင်လည်း စိတ်တိုင်းကျပုံမရဘူး အဲ့တာသူတို့လူနဲ့သူတို့ရှင်းနေကြတုန်း'

'ပြန်လာခဲ့လိုက်တော့'

'ဒါပေမယ့်အမ သူတို့ကခနစောင့်ပေးပါပြော..'

'သူတို့ဘက်က အဆင်သင့်ဖြစ်မှ ပြန်ဆက်သွယ်ဖို့ ပြောလိုက် အခုက နေ့လည်စာစားချိန်တောင် လွန်နေပြီ ပြန်လာခဲ့တော့'

'ဟို...'

'ရတယ် အခုချက်ချင်းပြန်လာ'

'ရှင်..ဟုတ်အမ'

'အာ..ခဏ..'

'ရှင် အမဘာဖြစ်လို့လဲ'

'အဲ့မှာပဲစောင့်နေ အမလာခဲ့မယ်'

'ဟုတ်ကဲ့'

လင်း ဟိုဘက်က HR နဲ့အလုပ်ကိစ္စပြောနေတာကို အဆုံးသတ်လိုက် ပြီး Company အောက်ဆင်းလာကာ Yue ကိုစောင့်နေသည်

ချက်ချင်းပဲပြန်လာခိုင်းပြီးမှ စိတ်ပြောင်းပြီး လာခဲ့မယ်ဆိုတာကြောင့် ကြောင်သွားတာတော့ အမှန် ဘာပဲဖြစ်ဖြစ်ပါ အမလာမယ်ဆိုတော့လည်း အလွမ်းပြေတာပေါ့ နေ့တစ်ဝက်ကြီးတောင် အမမျက်နှာလေးမမြင်ရတော့ ဒီမှာ လွမ်းနေတာ

'တီ..တီ..'

ကိုယ့်ဟာကိုတွေးပြီး ပြုံးနေတုန်း ကြားလိုက်ရတဲ့ ကားဟွန်းသံကြောင့် အတွေးစတို့ အဝေးကို လွင့်စင်သွားသည်

SoulWhere stories live. Discover now