'ဒေါက်တာက'
'အင်း။ မင်းပိုင်ဆိုင်ထားတဲ့ မိန်းမကို တို့ချစ်ခဲ့ဖူးတယ်လေ။ ပြီးတော့ ချစ်နေတုန်းပါပဲ'
ကြောင်ဖြူရဲ့ နှုတ်သီးရဲရဲလေးကို ဒေါက်တာခင်သက်အိမ်က လက်ညှိုးဖြင့် ဖွဖွလေးပွတ်တိုက်ရင်းဖြေတယ်။ သူထင်သလို တုန်တုန််လှုပ်လှုပ်ပုံစံမျိုးမဟုတ်ဘူး။
အမှတ်တမဲ့ချစ်မိတဲ့မိန်းမရဲ့ ချစ်သူရှေ့မှာ ထိုမိန်းမကိုချစ်ကြောင်းဝန်ခံတာက စိတ်ဝိဉာဉ်ကို ခန္ဓာကိုယ်ထဲကအတင်းဆွဲထုတ်လိုက်သလို စဉ်းစားဉာဏ်မဲ့စေတယ်မဟုတ်လား။ ဒါပေမယ့် ခင်သက်အိမ်က ကြောင်ဖြူနဲ့အဆော့မပျက်ဘူး။ တည်ငြိမ်လွန်းတယ်။ ပိုလွန်စွာပြောရရင် သူ့ပုံရိပ်အေးချမ်းလွန်းတယ်။
'ဟုတ်နေတာပဲ။ မမျှော်လင့်ပေမယ့်လည်း..'
အားနာဖို့အတွေးမရှိဘဲ မကြောက်မရွံ့ဒီလိုစကားတွေပြောတာက တခြားတစ်ယောက်သာဖြစ်နေရင် မကောင်းတာတစ်ခုခုပဲပြောမိမလား၊ ကိုယ်ထိလက်ရောက်ပဲကျူးလွန်မိမလား မသိနိုင်ပေမယ့် ထိုနေရာမှာရပ်နေသူက ခင်သက်အိမ်ဖြစ်နေတယ်။ သူက ခင်သက်အိမ်လေ။
မလိုအပ်ဘဲ Yue Mirasan အပေါ်အကြည့်တွေကြာကြာတင်မိရင်တောင် မကြိုက်တဲ့သူက သူမရှေ့ကအမျိုးသမီးရဲ့ ဝန်ခံစကားတွေကိုတော့ စိတ်ဆိုးဖို့မတွေးဖြစ်လိုက်။ လင်းလက်ကြယ်အတွက် ခင်သက်အိမ်ကစိတ်အနှောက်အယှက်ပေးတဲ့မိန်းမဆိုတာတောင်မှ မသိစိတ်က ထိုအချက်အပေါ်ယုံကြည်ပေးရလောက်သည်အထိ သေချာနေသည်။
'ဒေါက်တာက ကျွန်မတို့အောက်ထပ်ကအခန်းမှာနေတာမဟုတ်လား'
'ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ'
'အစ်မနဲ့တွေ့ရင် ဘာလို့မသိတဲ့လူတွေလိုနေကြတာလဲဟင်။ ဓာတ်လှေကားမှာ ခဏခဏဆုံကျပေမယ့် အချင်းချင်းနှုတ်တောင်မဆက်ကြတော့ ကျွန်မကမရင်းနှီးကြဘူးထင်ထားတာ'
နှစ်ယောက်အတူတူအောက်ဆင်းကြရတဲ့ ရံဖန်ရံခါတွေမှာဓာတ်လှေကားက သူတို့အောက်ကအလွှာနှစ်ဆယ်မှာရပ်တတ်တယ်။ တံခါးပွင့်သွားရင် မိန်းမတစ်ယောက်ဝင်လာတယ်။ သွားချင်တဲ့အထပ်ကို နှိပ်တယ်။ တံခါးပြန်ပိတ်သွားတဲ့အခါ ဘာမှမရှိဘဲပြောင်ချောနေတဲ့ သတ္တုပြားကြီးကို တိတ်ဆိတ်စွာ သုံးယောက်အတူရပ်ကြည့်တယ်။ နေရာရောက်ရင် အထဲကထွက်သွားတယ်။
YOU ARE READING
Soul