Part-1( Unicode)

4.7K 205 2
                                    


'ဂုဏ်ယူပါတယ်နော်အမ'

'ကျေးဇူးတင်ပါတယ် Yue ရေ'

'ဒါနဲ့  ultrasound ရိုက်ပြီးပြီလား ဘာလေးလဲအမ'

'မနေ့ကပဲ ရိုက်တာ Yue မိန်းကလေးတဲ့။ သြော်ဒီမှာ အမပြမယ်'

ဖြိုးသီရိပြောပြီးတာနဲ့ လက်ကိုင်အိတ်ထဲမှာထည့်ထားတဲ့ ဝန်ထမ်းအရွယ်အစားလောက်ရှိတဲ့ အရာလေးတစ်ခုကို Yue ဆီကမ်းပေးလာသည်။Yue ထိုအရာလေးကို စူးစူးစိုက်စိုက်ကြည့်နေမိသည် တစ်စုံတစ်ခုပေါ်အာရုံစိုက်လိုက်တိုင်း တွန့်ချိုးသွားသည့် မျက်ခုံးတန်းတန်းလေးက အထင်းသား။

'ဒါက..'

Yue အမေးကြောင့် မဖြိုးကခပ်ဟဟပြုံးလိုက်ရင်း..

'အမဗိုက်ထဲက အသေးလေးလေ Yue'

'တကယ်'

'အမ Yue အပေါ်လိမ်ဖူးလို့လား'

အနည်းငယ်စူထွက်နေပြီဖြစ်တဲ့ဗိုက်ပေါ်မှာ လက်တစ်ဖက်ကိုတင်ပြီးဖွဖွလေးပွတ်ပေးနေသည့် ဖြိုးသီရိရဲ့ စကားတွေကို Yue နားထဲမဝင်တော့။ ပုံထဲက အကောင်ပေါက်ကလေးကိုပဲ သဘောကျစွာကြည့်နေမိသည်။

'သြော် ဒါနဲ့အမက ဘယ်အချိန်အထိ အလုပ်ဆက်လုပ်မယ်တွေးထားလဲ'

'နောက်လေးလလောက်အထိတော့အမလုပ်ချင်တယ် Yue'

'အင်း နားဖို့ကကော အချိန်ဘယ်လောက်ယူမလဲ'

'အဆင်ပြေနိုင်မယ်ဆိုရင် အမ တစ်နှစ်ခွဲလောက်တော့ အချိန်ယူချင်တယ် Yue'

ဖြိုးသီရိက Yue Mirasan လို့ခေါ်တဲ့အမျိုးသမီးငယ်ကို မော့ကြည့်ပြီး မဝံ့မရဲနဲ့ တောင်းဆိုလိုက်သည်။ တစ်နှစ်ခွဲဆိုသည့်စကားနောက်မှာ သူတစ်ယောက်တည်း ဒုက္ခရောက်တော့မည်ဆိုတာကို တွေးကြည့်မိရင်း သက်ပြင်းတိုတစ်ချက်ကို မသိမသာချလိုက်သည်။

'တစ်နှစ်ခွဲ'

Yue မျက်ခုံးတစ်ဖက်ကိုပင့်ပြီး မဖြိုးကိုသေချာအောင် ပြန်မေးကြည့်သည်။ တစ်နှစ်ခွဲဆိုတဲ့အချိန်က များလွန်းနေသည်ဟုသူမ ယူဆမိသည်။ ဒါပေမယ့်လည်း မတတ်နိုင်။ ကလေးတစ်ယောက်မွေးတယ်ဆိုတာ လွယ်ကူနေခြင်းမျိုးမှမဟုတ်ဘဲ။

SoulWhere stories live. Discover now