Part-5

1K 44 2
                                    

'ဟင် လင်းလက်ကြယ်ဖျားနေတယ် ဟုတ်လား'

'ဟုတ်မမ စောနကပဲ Mail ပို့ပြီးခွင့်တိုင်ထားပါတယ်'

'အင်းအင်း သွားလို့ရပြီ'

'ဟုတ်ကဲ့'

စာရင်းတွေကို Yue တစ်ချက်စစ်ကြည့်လိုက်သည် အရေးတကြီးလုပ်စရာစာရင်းမရှိတာနဲ့ လင်းလက်ကြာ်အိမ်ကို သွားဖို့ Yue ထွက်လာသည် တကယ်ဆို လင်းလက်ကြယ် ဖျားတာ Yue အပြစ်မှ မကင်းဘဲ

လမ်းမှာတွေ့တဲ့ Market တစ်ခုထဲဝင်ပြီး လင်းလက်ကြယ် ကြိုက်လောက်မည်ထင်သော မုန့်နှင့် သစ်သီးများကိုဝယ်လာခဲ့သည်

'ဟယ် သမီး Yue လင်းဆီလာတာလား'

'ဟုတ်ကဲ့အန်ကယ် လင်းလက်ကြယ်ဖျားနေတယ်ဆိုလို့'

'ဟုတ်ပါ့သမီးရေ လင်းဖျားနေတာနဲ့ အန်ကယ်တောင်မှ Company မသွားနိုင်ဘူး မိန်းမရေ ခနလာပါဦးကွ မိတ်ဆက်ပေးချင်လို့'

ဦးထင်လင်း နောက်ဖေးမီးဖိုခန်းမှာ ကြက်သားဆန်ပြုတ်ပြုတ်နေသော ဇနီးသည်ကို လှမ်းခေါ်လိုက်သည်

'လာပြီအကိုရေ လာပြီ'

ပြောသံနှင့်အတူ မီးဖိုခန်းက အမျိုးသမီးတစ်ဦးထွက်လာသည် မျက်နှာ အချိုးအစားကိုကြည့်လိုက်ပြီး လင်းလက်ကြယ်က သူ့အမေနှင့်တူသည် ဟု Yue ကောက်ချက်ချလိုက်သည်

'သမီးYue ဒါအန်ကယ့် အမျိုးသမီး ဒေါ်သံသာလင်းတဲ့ မိန်းမ ဒါအစ်ကိုပြောတဲ့ လင်းအလုပ်လုပ်တဲ့ Company က CEO လေYue တဲ့'

'မင်္ဂလာပါ အန်တီတွေ့ရတာဝမ်းသာပါတယ် ကျွန်မနာမည် Yue ပါ'

'မင်္ဂလာပါသမီးရယ် အန်တီလည်းတွေ့ရတာ ဝမ်းသာပါတယ် တွေ့ဆုံပွဲတစ်ခုမှာ သမီးကို့မြင်ဖူးတယ် သေချာမနှုတ်ဆက်လိုက်ရဘူး'

'ဟုတ်ကဲ့ အန်တီ ဟိုဒါတွေက အန်တီတို့အတွက်ပါ'

Yue ဘေးမှာ ချထားတဲ့ မုန့်တွေကို ဒေါ်သံသာလင်း ဘက်ကိုရွှေ့ပေးလိုက်သည်

'အားနာစရာကြီးကွယ်'

'ရပါတယ် အန်တီ'

'လင်းလေးကတော့ ဖျားနေတယ်သမီးရေ ဆေးသောက်ရမှာလည်း အသေကြောက်တာ အန်တီတို့တော့မနိုင်တော့ဘူး သမီးပဲ ချော့တိုက်ပေးပါကွယ်'

SoulWhere stories live. Discover now