Part-29(Unicode)

1.9K 182 31
                                    

တိုက်ခန်းတံခါးရဲ့ လျှို့ဝှက်ကုဒ်နံပါတ်ကို ရိုက်နှိပ်နေသည့်အမျိုးသမီးငယ်ရဲ့လက်တွေကတုန်ယင်ပြီး အလျင်လိုနေသည်။ တံခါးလော့ခ်စနစ်ကပုံမှန်အတိုင်း အလုပ်လုပ်နေပေမယ့် သူမစိတ်မရှည်နိုင်။ ပျော့ခွေချင်နေသော ခြေထောက်အစုံကိုထိန်းရန်အတွက် တံခါးလက်ကိုင်ကိုသာ မြဲမြဲဆုပ်ကိုင်ထားသည်။

ခနအကြာ မီးအစိမ်းတန်းလေးထွက်ပေါ်လာသည်နှင့်အတူတံခါးလော့ခ်ပွင့်သွားသံကိုကြားလိုက်ရတော့ ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းတွင် တည်မြဲနေသည့် အစိတ်အပိုင်းလေးက ဗုံးတစ်လုံးလိုပေါက်ကွဲထွက်တော့မည့်အတိုင်း ခုန်ရီလာသည်။

မဖြစ်ဘူး..။ ဒီပုံစံအတိုင်းဆို ရူးတော့မှာပဲ။

တစ်ကိုယ်တည်းစာ တီးတိုးရေရွတ်လိုက်ရင်းတံခါးလက်ကိုင်ကိုလှည့်၍ ခပ်သွက်သွက်ဆွဲဖွင့်လိုက်ပြီးသည့်အချိန်မှာ အရာအားလုံးဟာ ရပ်တန့်သွားသည်။ နှာသီးဝဖျားမှာ ဝေ့ဝိုက်နေသည့်လေထုဟာ အဆုတ်အတွင်းသို့ဝင်ရောက်လာခြင်းမရှိသလို ပြန်လည်ထွက်ခွာသွားခြင်းလည်းမရှိ။ အရေးပေါ်ထွက်ပေါ်မှာရပ်ပြီး စကားပြောနေကြသည့်အမျိုးသားနှစ်ဦးရဲ့ရယ်သံဟာ ရပ်တန့်သွားပြီး၊ တယ်ရီယာခွေးဖြူပေါက်လေးရဲ့ခပ်စွာစွာဟောင်သံဟာလည်း ရုတ်ချဥ်းပျောက်ကွယ်သွားရသည်။

အဲ့လောက်ထိ အစွမ်းထက်တဲ့သူဟာ စေတန်မဟုတ်သလို နတ်ဘုရားလည်းမဟုတ်။ ဒီအတိုင်းအမျိုးသမီးတစ်ယောက်ပါပဲ။

လွမ်းလို့ကြည့်မိခဲ့တဲ့ တည်နေရာပြအနီရောင်အမှတ်အသားလေးက မိုင်သုံးဆယ်အကွာမှာတဲ့။

ခပ်ရေးရေး​ပြုံးနေသည့် မျက်ဝန်းညိုဟာ လှုပ်ရှားမှုအားလုံးကိုရပ်တန့်သွားစေနိုင်တယ်။ နာရီလက်တံတွေကစလို့ ခန္ဓာကိုယ်တွင်းလှည့်ပတ်စီးဆင်းနေသည့် သွေးကြောမျှင်တွေအဆုံး။

အစ်မရောက်ပြီဆိုတဲ့ စကားလုံးလေးလုံးဟာ လင်းလက်ကြယ်ရဲ့အတွေးတွေကို အနိုင်ယူနိုင်သည်။စိတ်ဆိုးစိတ်ကောက်ဖြစ်ခြင်းကို ချော့မော့ပြောဆိုမှုအလျဥ်းမပါ ပါလျက်နှင့်အနိုင်ယူနိုင်သည်။ အဖြေမရှိသေးတဲ့ ပြဿနာတွေအားလုံးကိုအနိုင်ယူနိုင်သည်။

SoulWhere stories live. Discover now