Part-13(Unicode)

1.7K 159 2
                                    


'Rock, paper, scissiors, shoot!'

'ရား.. အစ်မညစ်တယ်'

စလာပြန်ပါပြီ လင်းလက်ကြယ်ရဲ့ ငြီးတွားသံ စဆော့ကတည်းက အခုအချိန်ထိ သူချည်းပဲရှုံးနေတာ

'ဟယ် ဘယ်မှာညစ်မိလို့လဲ'

'မရဘူးကွာ ကြယ်အရင်လုပ်တာ အစ်မနောက်ကျမှလုပ်တာ'

'အံမယ် ဟုတ်မှလဲပြော ဘယ်သူညစ်တာလဲဆိုတာ'

'မသိဘူး အစ်မညစ်တာပဲနေမှာ'

'မဟုတ်ရပါဘူးနော် တို့တစ်ခါမှ မညစ်ဖူးဘူး လောလောဆယ်တော့ မျက်နှာလေးရှေ့တိုးပါဉီး'

'ဂါးးးးး'

လင်းလက်ကြယ်က စိတ်ဆိုးတဲ့ပုံစံနဲ့ နှုတ်ခမ်းကြီးဆူပြီးမျက်နှာရှေ့တိုးလာသည် ဒါကို Yue ကလက်ထဲမှာကိုင်ထားတဲ့ နှုတ်ခမ်းနီဘူးနဲ့ လင်းလက်ကြယ်ရဲ့ မျက်လုံးတစ်ဝှိုက်မှာ ပန်ဒါပုံစံအကွင်းလေးရေးဆွဲလိုက်ပြီး

'OMG! You really look like a panda'
(ဘုရားရေ မင်းတစ်ကယ်ပန်ဒါနဲ့တူတာပဲ)

' Just wait, your turn will come, madam'
(မဒမ်အလှည့်ရောက်လာလိမ့်မယ် စောင့်နေ)

'စပြီနော် 1,2,3'

'Rock, paper, scissors, shoot!!'

Shoot ဆိုတဲ့ စကားအဆုံးမှာ အလျှင်အမြန်ကျရောက်လာတဲ့ လက်နှစ်စုံ ပြီးတော့ လင်းလက်ကြယ်ရဲ့ထပ်မံငြီးထွားသံ

ဒီကလေးဘယ်တော့မှ Yue ကိုနိုင်မှာလဲမပြောတတ်ဘူး အလျော့ပေးနေတဲ့ကြားထဲကကို မနိုင်ဘူး

'တော်ပြီ မျက်နှာသွားသစ်တော့'

'ရတယ် ဆော့ဉီးမှာ'

မရတော့ပါဘူး သူ့မျက်နှာမှာလည်း ခြယ်စရာနေရာတောင်မရှိတော့ဘူး အဲ့တာကို ဆက်ဆော့ဦးမယ်လုပ်နေသေးတယ် ဘယ်လိုဟာလေးမှန်းမသိဘူး

'နိုင်တာလဲမဟုတ်ဘဲနဲ့ မဆော့နဲ့တော့'

'အစ်မမို့လို့အလျော့ပေးထားတာနော်'

'ပြောတာပဲ မျက်နှာသွားသစ်လိုက်တော့'

နှုတ်ခမ်းကြီးဆူပြီး အခန်းထဲပြန်သွားတဲ့လင်းလက်ကြယ်ကိုကြည့်ပြီး Yue အသံမထွက်ရုံတမယ်ရယ်လိုက်သည် တကယ်တော့ အားနာမိပြီး အခုလိုတွေဆက်ဆံပေးနေတာ မနေ့ကကိစ္စဖြစ်ပြီးတော့ Yue တို့နှစ်ယောက် ပိုရင်းနှီးလာတယ်ထင်သည်

SoulWhere stories live. Discover now