Part-25

630 35 10
                                    

တိုက်ခန်းဆီကိုပြန်ရောက်ရောက်ခြင်း ကားပေါ်ကမဆင်းသေးဘဲ လက်ကိုင်အိတ်ထဲက မိတ်ကပ်ဘူးကိုထုတ်ကာ ဖြူဖျော့နေသည့် အသားအရည်ပေါ်က နီရဲနေသည့် အရာကိုဖုံးကွယ်ပစ်ရန်အတွက် မိတ်ကပ်အနည်းငယ်ပြန်ဖို့လိုက်သည်။ Pale ဖြစ်လွန်းသော အသားအရည်ကြောင့် သေချာမဖုံးကွယ်ထားနိုင်မှန်းသိပေမယ့်လည်း ရသလောက်တော့ ဖုံးသွားရမည်။

ဓာတ်လှေကား ခလုတ်ကို နှိပ်ပြီး တက်မည်ပြုစဉ် သွားများစီတန်းစွာ ပေါ်သည်အထိပြုံးပြီး ရပ်နေသောသူကြောင့် တံခါးပိတ်မသွားလေအောင် လက်ဖြင့်ကာလိုက်ပြီး ရပ်နေသူလက်ကို ဆွဲကာ ခန္ဓာကိုယ်ကို အထဲ အမြန်သွင်းလိုက်သည်။ ဓာတ်လှေကားအပိတ်ခလုတ်နှိပ်နေသည့် လက်တို့က ဒီတစ်ကြိမ်မှာတော့ အနည်းငယ် တုန်ယင်နေလျက်ရှိသည်။

တံခါးပိတ်သွားသည်နှင့်တစ်ပြိုင်နက် ဆွဲကိုင်ထားသည့်လက်ကို ဖြုတ်ကာ ဘေးမှာရပ်နေသည့် ကိုယ်လေးကို ပျောက်ကွယ်သွားမှာစိုးသည့်အလား တင်းကျပ်စွာ သိုင်းဖက်လိုက်သည်။

'​ဆုံးရှုံးရပြီထင်နေတာ'

'အင်း ကျွန်မကောပဲ ဆုံးရှုံးရပြီထင်နေခဲ့တာ'

'တောင်းပန်ပါတယ်'

'ကျွန်မလည်း တောင်းပန်ပါတယ်'

'အနောက်ကပဲ သံယောင်လိုက်ပြီး မပြောနဲ့လေ'

'လိုက်မပြောပါဘူး။ ဒီအတိုင်းကျွန်မပြောမယ့်စကားတွေ အစ်မကအရင်ပြောသွားတာလေ။အင်း နှလုံးသားချင်းနီးစပ်သွားတော့ စကားတွေထပ်တူညီသွားတာ'

စကားတွေသိပ်တတ်ပြီး ပြန်လည်ချေပသွားတဲ့သူကြောင့် ပြုံးကာ ဖက်ထားရာက လွှတ်ပေးလိုက်တော့ ငြင်းဆန်စွာနဲ့ ရင်ခွင်ထဲ ပိုလို့တောင်တိုးဝင်လာလေသည်။

'ချစ်တယ်'

'အင်း'

'ရူးသွပ်သွားတဲ့ အထိအစ်မကို ချစ်မိနေတယ်ထင်တယ်'

'ဟုတ်မယ်'

'ဘယ်အချိန်က ပြန်သွားခဲ့တာလဲ မသိလိုက်ဘူး'

'အန်ကယ်တို့ ရောက်လာတော့ ဒီအတိုင်း အနှောက်အယှက်မပေးချင်တာနဲ့ ထွက်လာခဲ့တာ။ ဟိုက ကိစ္စတွေလည်း မပြီးသေးတာနဲ့'

SoulOnde histórias criam vida. Descubra agora