Part-4(Unicode)

2K 172 0
                                    

ဒီနေ့က ရုံးပိတ်ရက် Saturday ဖြစ်တာကြောင့် လင်းနိုးနေရက်နှင့် မထသေးဘဲ အိပ်ယာပေါ်မှာပဲ ဇိမ်ခံနေသည် ဦးနှောက်ကိုအနားပေးထားပေမယ့် အလုပ်လုပ်မပျက်သော အစာအိမ်ရဲ့ သတိပေးမှုကြောင့်နာရီကိုလှမ်းကြည့်လိုက်တော့ ကိုးနာရီတောင်ထိုးနေပြီမို့ မနက်စာစားရန်အောက်ထပ်သို့ဆင်းလာသည်

'ဟုတ်ကဲ့ အန်ကယ် ဒယ်ဒီကလည်းပြောတယ် အားတဲ့တစ်နေ့နေ့တော့ golf အတူတူရိုက်ချင်တယ်တဲ့'

'အေးကွယ် နှစ်ယောက်သားက အချိန်က ညှိမရတော့ golf မရိုက်ရတာတောင် ကြာပြီကွယ်'

Dining Room ထဲဝင်ဖို့လုပ်နေတဲ့ ခြေလှမ်းတွေကရင်းနှီးနေတဲ့ အသံကြောင့် ဧည့်ခန်းဘက်သို့ခြေဦးပြင်လိုက်သည်

'ဟော ဟိုမှာ လင်းလေးနိုးလာပါပြီ'

ဖေဖေ့စကားကြောင့်နောက်လှည့်ပြီးကြည့်လာတဲ့ ကျောပြင်တစ်ခု

'ဟင် ကိုကို'

'အင်းဟုတ်တယ် ကိုကိုလေ'

'ဟယ် ကိုကိုက ဘယ်တုန်းကပြန်ရောက်တာလဲ'

'ပြန်ရောက်တာကတော့ တစ်နေ့ကပဲ သဲရဲ့ သဲကို sursprise လုပ်ချင်တာနဲ့ တမင်မပြောတာ'

လင်း ကိုကိုရဲ့ဘေးက လွတ်နေတဲာ နေရာမှာ ဝင်ထိုင်လိုက်ပြီး

'ဟုတ်လို့လား တခြားကောင်မလေးဆီသွားပြီးမှ လင်းဆီလာတာ မဟုတ်ဘူးလား'

'ဟောဗျာ တခြားကောင်မလေးမရှိပါဘူးဗျာ ကိုကို့မှာ သဲတစ်ယောက်ပဲရှိတာ'

'အပိုတွေ အဲ့လိုပြောပြီးပဲ ရောချသွားတာ'

ဦးထင်လင်းကတော့ လင်းလက်ကြယ်တို့နှစ်ယောက်ကိုကြည့်ရင်းရယ်ကာ

'တွေ့လား မောင်ထက်ရှိုင်းရေ လင်းရဲ့ရစ်ချက်ကတော့ ဟားဟား'

'ဟာဖေဖေကလည်း လင်းမရစ်တတ်ပါဘူး'

'ဟုတ်လား ဖေဖေကတော့ ရစ်တယ်ထင်တာပဲ ဖေဖေအခန်းထဲ သွားလိုက်ဦးမယ် နှစ်ယောက်သား အေးဆေးစကားပြောကြဦး'

'ဟုတ်ဖေဖေ'

လင်းတို့နှစ်ယောက် လွတ်လွတ်လပ်လပ်စကားပြောလို့ရအောင် ဖေဖေက ရှောင်ပေးသည်

SoulWhere stories live. Discover now