part(1)

29.5K 1.1K 14
                                    

Unicode

ဒီနေ့ မိုးဦး ကိုးတန်းစာမေးပွဲဖြေပြီးတဲ့နေ့
အိမ်မြန်မြန်ပြန်ရောက်ချင်ပြီ။ အိမ်ရောက်ရင်စာမေးပွဲဖြေနေတဲ့ရက်တွေမှာမတွေ့ရတဲ့ သော်လေးဆီပြေးတွေ့ချင်နေတာ။ သော်လေးက ဘေးအိမ်ကခင်ရတဲ့မိသားစုကအဖွားရဲ့မြေးလေးပါ။ အဖွားတစ်ယောက်ပဲကြည်ဖြူတဲ့ ကျန်မိသားစုဝင်တွေဆီကမေတ္တာမရရှာတဲ့ ကလေးပါ။

သော်လေးရောစာမေးပွဲဖြေနိုင်ရဲ့လား။ သော်လေးက
ခုနှစ်တန်း. . .အင်း. . .ဖြေနိုင်မှာပါ အချိန်တိုင်းအဖွားနားမှာတစ်ကုပ်ကုပ်နဲ့စာပဲလုပ်နေရှာတဲ့ကလေးဟာကို။

သော်လေးကသိပ်သနားစရာကောင်းတယ်။
သော်လေးအဖေနဲ့အဖေစက်လှေမှောက်ပြီးဆုံးသွားလို့ သော်လေးကိုအဖွားရှိတဲ့ဆီလာပို့တော့ အသက်ကငါးနှစ်အရွယ် ကျောင်းမတက်ရသေးဘူးလေ။ဒီသနားစဖွယ်ကလေးငယ်ငယ်လေးခမျာ မိဘနဲ့အပြီးအပိုင်ခွဲရမှန်းမသိရှာဘူး။ သော်လေးအဖေက မိဘသဘောမတူတဲ့သူနဲ့အိမ်ထောင်ပြုလို့ဝိုင်းကျဥ်လိုက်ကြတာတဲ့။ အဖွားကတော့သေသာသွားရော မတွေ့လိုက်ရတော့တဲ့ သားအစား မြေးကိုအသနားပို အချစ်ပိုရှာပါတယ်။ ဒါပေမဲ့အဖွားကအသက်ကကြီး ပန်းနာရင်ကြပ်အခံကရှိဆိုတော့ ကလေးကိုစိတ်ရှိတိုင်းဘာမှလုပ်မပေးနိုင်ပါဘူး။ ဒီတော့ အိမ်နီးချင်းလဲဖြစ် အငယ်ထပ်မမွေးပေးလို့တဂျီဂျီဖြစ်နေတဲ့ကျွန်တော်လဲစိတ်ချမ်းသာအောင် ကလေးကိုလဲသနားစိတ်ဝင်နေတဲ့ကျွန်တော့်မေမေကပဲ အများဆုံးထိန်းကျောင်းပေးခဲ့တာပေါ့။

ကျွန်တော်ကတော့ဘာပြောကောင်းမလဲ
အရုပ်ရသလိုပဲ။ အချိန်တိုင်းချီချင် နမ်းချင် ထိန်းချင်ကိုဖြစ်လို့။ မူလတန်းတက်နေပြီဆိုတော့ကျွန်တော်ကျောင်းပြန်ရင်အိမ်ကိုအပြေးပြန်တာပဲ။ သော်လေးကိုအိမ်မှာအဆင်သင့်မတွေ့ရရင်ချက်ချင်းဟိုဘက်ခြံပြေးပြီးကလေးခေါ်တာပဲ။ သော်လေးကကျွန်တော်လာမှ ရယ်တာ ပြုံးတာ စကားပြောတာ။ အဖွားနဲ့တောင် မေးမှဖြေတာ။ စကားများများမပြောဘူး။ဒီအိမ်ရောက်လာကတည်းကမနွေးထွေးတဲ့မိသားစုကို ကြောက်နေရှာတာ။ မျက်လုံးလေးတွေကအစမှုန်မှိုင်းလို့။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now