part(14)

7.2K 601 6
                                    

Unicode

အေးချမ်းသော် အတွေးများနေပါသည်။
ရဲရင့်အစ်မကသူနဲ့ရင်းနှီးသည်။ မြင်ရင်သိသာနေတဲ့အရာ. . .ဘယ်လိုရယ်တော့သေချာမသိ။ မိန်းကလေးနှစ်ယောက်လာတာပေမဲ့ ဟိုတစ်ယောက်နဲ့ဆက်ဆံပုံမတူ။ ရာထူးကြောင့်လား။ မမြင့်မိုရ်ကိုကြည့်ပြီး အလိုလိုကိုယ်ကအနေခက်နေတာ ဘာကြောင့်လဲ။
အန်တီမေမေက ပြောခဲ့ဖူးသည်ကို ပြန်ပြီးကြားယောင်မိတဲ့အခါ လက်ရှိအခြေအနေကို သဘောပေါက်သလိုလိုဖြစ်မိပါသည်။
ဒါနဲ့များ.... ဘာအတွက် ငါ့ကိုခေါ်ထားချင်တာလဲ... ထပ်ပြီးရင်ကွဲသေအောင်...
.
.
.
.

အဲ့ဒီနေ့က. . .အဖွားဆုံးတော့... သော်. . .ရူးမတတ်ခံစားနေရချိန်. . .အန်တီမေမေ့ကို ပေးခဲ့တဲ့ဖုန်းနံပါတ်လေးအတိုင်းဆက်ကြည့်ရသည်။ ချက်ချင်းလာမည်ဆိုပြီး သော်တို့ဆီရောက်လာခဲ့ပါသည်။ ကိုကိုကြီးအကြောင်းမေးချင်လှသော်လည်း သော်ကိုယ်တိုင်စိတ်နှင့်လူမကပ်။ အန်တီမေမေ ရောက်လာပေးရုံနဲ့ သော် ကျေးဇူးတင်ပြီစိတ်အေးရပါသည်။

လူကြီးတွေကလဲနာရေးမှာ အလုပ်များကြသည်။
ဖွားက သေချာမကုလိုက်ရလို့ဆုံးသွားရှာတာ။
ဖွားမရှိရင် သော်. . .သော်...ဘယ်လိုလုပ်ပါ့မလဲ။
သူတို့က သော့်ကို သော့်ကို.. . တွေးရင်းကြောက်မိသည်။ အဖွားမှ မရှိတော့ရင် အဒေါ်မိသားစုနဲ့ သော်တစ်ယောက်ထဲ နေခဲ့ဖို့ မဖြစ်နိုင်ပါ။
ဒါကြောင့် သော် အန်တီမေမေကို စကားပြောဖို့ ချောင်းနေရသည်။

ဖွားကို မြေချပြီးတဲ့နေ့ အန်တီမေမေကရက်လည်သည်အထိနေမပေးနိုင်ကြောင်း အန်တီသက်ကိုပြောသည်။
သော်. . .အရဲစွန့်ပြီး အန်တီမေမေကို စကားပြောရတော့သည်။ အန်တီသက်တို့မိသားစုကလဲ သော် အန်တီမေမေနှင့်စကားပြောမှာစိုးလို့ အလစ်မပေး။

ပြန်မဲ့နေ့မနက်. . .

"မသက်ရေ. . .ခင်နှင်း ပြန်မယ်. . .ဒီနေ့. . .မပြန်ခင် သော့်အတွက် .. လိုတာလေးတွေဝယ်ပေးခဲ့မလို့ မြို့ထဲခဏသွားမယ်နော်. . .သော့်ကိုခေါ်သွားမယ်"

သော် ဝမ်းသာသွားမိသည်။ သော့်အကြောင်း အန်တီမေမေသိတာပဲလေ။ တစ်ခုခုအဆင်ပြေအောင်စီစဥ်ပေးမှာပါလို့ သော် တွေးသည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now