part(53)

4.6K 337 12
                                    

Unicode

အိမ်ပြန်ရောက်တော့ခဏတော့ နားကြသေးသည်။
ပူတူးက သော့်ဖုံးကို ကပ်ကြည့်နေတာ။ သဘောတွေကျနေတာပေါ့။ သော်က ပူတူးကြိုက်သည့် အင်္ဂလိပ်ဇာတ်ကားတွေ down ပေးတော့....သော့်ကို မှီကာခြေဆင်းထားလိုက်ပြီး...စိတ်တိုင်းကျကြည့်နေတော့သည်။

"ပူတူးရေ....ကိုကြီးတို့ကို သိပ်မရှုပ်နဲ့လေ....အေးအေးနေပါစေလား"

ဒေါ်စောနုက ပူတူးကို ကြည့်ကာပြောသည်။

"ရတယ်...အဒေါ်...ပူတူးက ကျွန်တော့ကို ခင်နေတာ"

"သူ့အကိုတောင် အဲ့လောက်မကပ်ဘူးရယ်....နှင်းဥကိုလဲ သိပ်ကပ်တာပဲ....အေးချမ်းရောက်လာမှ...နှင်းဥလဲ သက်သာတာ....မဟုတ်ရင် လုံချည်စဆွဲပြီးလိုက်နေတာ....ကျောင်းမြန်မြန်ပြန်ဖွင့်မှပဲ မျက်စိအေးမယ်"

"မောင်မိုးဦးလဲ အားမနာနဲ့နော်....ကိုယ့်မိသားစုလိုနေ....အဒေါ်တို့နဲ့အေးချမ်းနဲ့က ရေစက်ပါကွယ်....သူ့ဦးလေးသန်းလဲ သိပ်သံယောဇဥ်ရှိတာ....အိမ်ကိုအလာ်ခေါ်လာတော့....အဒေါ်လဲ ကိုယ့်သားလိုပဲ ချစ်တာ...ခုတော့ ပူတူးကပါ ချစ်တယ်တဲ့"

"ဟုတ်ကဲ့ အဒေါ်....ပူတူးက ရွာထဲလိုက်ပို့တော့ လမ်းတစ်ဝက်နဲ့တင် ပြန်လာခဲ့ရတာ....ဦးလေးသန်းနဲ့ ညနေမှတစ်ခေါက်ထပ်ကြည့်အုံးမယ်....ရွာက အိမ်ခြေမနည်းဘူးပဲ နော်"

မိုးဦးက ရွာထဲမှာ မြေနေရာဝယ်ဖို့အတွက် စိတ်အားသန်နေတာ....

"မင်းတို့ ဦးလေးနဲ့ တိုင်ပင်ပေါ့.....ရွာက...မြို့ပေါ်နဲ့လဲမဝေးဘူး.....တို့ရွာကျော်ပြီး....ရှေ့ရွာ...ပြီးရင် ရေတံခွန်ရှိတယ်...သာယာတယ်....ဒီချိန်ဆို ခရီးသွားတွေ လာကြပြီ..နောက်ရက်သွားကြအုံး....မဝေးဘူး....ခုနှစ်မိုင်လောက်ပဲ....တို့ရွာအိမ်ခြေတော့ ငါးရာကျော်မယ် ....ဒါတောင်...တချို့က ရွာထဲမနေဘူး အခင်းထဲနေကြတာ"

ရွာပတ်လည်မှာ အခင်းတွေရှိသည်။
မနက်က ကားနဲ့ ဝင်လာတဲ့လမ်းတလျှောက် အခင်းတွေချည်းသာ။ မိုးမလင်းသေးပေမဲ့....မြင်နေရသည်လေ။

"ကဲ ကဲ...ရေချိုးကြအုံးလေ...ထမင်းစားကြရအောင်...မင်းတို့ဦးလေး ပြန်လာလိမ့်မယ်...ထမင်းအတူစားရအောင်လို့"
.
.
.
.

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now