part(59)

6.2K 361 6
                                    

Unicode

လအနည်းငယ်ကြာခဲ့ပြီ။

မိုးဦးနဲ့သော်တို့ အခင်းမှာပန်းတွေ ခူးရတော့မည်။
အခင်းထဲကအိမ်ကို ပြောင်းခဲ့တာပင် ငါးလလောက်ရှိပြီ။အိမ်တက်အဖြစ် ဘုန်းကြီးဆွမ်းကပ်ကာ ရွာမှာလူကြီးတွေကို ဖိတ်ပြီးထမင်းကျွေးကြသည်။
ဦးလေးသန်းနဲ့ ဒေါ်စောနုတို့မိသားစုကပဲ အားလုံးစီစဥ်ပေးသွားတာ။ မိုးဦးက ပိုက်ဆံထုတ်ပေးရုံသာ။

ရွာအလှူကတော့ တစ်ရွာလုံးဝိုင်းဝန်းလုပ်ကြသည့်ဓလေ့ရှိသည်။ မြို့မှာတော့ အလှူလုပ်လျှင် အချိုပွဲကစ အော်ဒါမှာပြီး လှူကြတာ။ ရွာအလှူတွေမှာတော့ မြန်မာအငွေ့အသက်နဲ့ အလွန်ပျော်စရာကောင်းတာလေ။
အလှူမတိုင်ခင် ရက်တွေမှာမြို့တက် ဝယ်ရခြမ်းရသည်။
ကိုယ့်အလှူဆိုပေမဲ့ မိုးဦးနဲ့သော် လုပ်လိုက်ရတာ မြို့တက်ပြီးဝယ်ခြမ်းပေးရတဲ့အလုပ်တစ်ခုထဲရယ်။
ကျန်တာရွာကလူတွေလုပ်ပေးသွားကြတာ။
အလှူရက်များမှာ ရွာမှလူကြီး လူငယ် မိန်းကလေးများတာဝန်ကိုယ်စီခွဲယူပြီး လုပ်ပေးကြတော့ အလှူရှင်တွေမှာ ရေစက်ခွက်ကိုင်ကာရေစက်ချရုံပဲ လုပ်ရသည်။
ဘာဆိုဘာမှမလုပ်လိုက်ကြရ။ ယောကျားလေးနှစ်ယောက်ရဲ့အိမ်ထောင်ဖြစ်နေတော့ပိုဆိုးသည်။
အားလုံးကူညီပေးကြတာ ပျော်ဖို့လဲကောင်း...ချစ်စရာဓလေ့ကိုလဲ ခံစားရသည်။

မိုးဦးက ရွာမှာအလှူ လုပ်ဖို့ရယ် ရည်ရွယ်တာတော့မဟုတ်။ဘုန်းကြီးကျောင်းပင့်ကာ ဆွမ်းကပ်မည်။ ပရိတ်လေးဘာလေးရွတ်မည်။ လူကြီးတစ်ချို့ဖိတ်မည်။ ရွာထဲကအိမ်တွေကို မုန့်လိုက်ပို့ကြ ဝေကြမည်ဟု တွေးထားတာ။

သည်းသော်လေးက ရွာမှာလူသစ်တွေလဲဖြစ်.....အစစအရာရာရွာကလူတွေက ကူညီနေကြတာကြောင့် ...တစ်ရွာလုံးမီးခိုးတိတ်လှူချင်တာပါတဲ့။

မိုးဦးက အလိုလိုက်ရ​တော့တာပေါ့။ သော်ပြောတာလဲ ဟုတ်တာပဲလေ။ မိုးဦးက မိမိအခင်းကိုစိတ်ကရောက်နေတာ...ပထမဆုံးစိုက်သည့် ပန်းမျိုးအသစ်ဆိုတော့ မအောင်မြင်မှာ မဖြစ်ထွန်းမှာ စိုးရိမ်တော့ နေ့နေ့ညည အလုပ်အကြောင်းပဲတွေးနေမိတာ။

သည်းသော်လေးပြောသလို အလှူကြီးကြီးလုပ်တော့လဲ စိတ်တစ်မျိုးချမ်းသာရသည်။ ရွာကလူတွေက မိုးဦးနဲ့သော်တို့ အိမ်ထောင်ဖက်ဖြစ်နေတာကို ထူးဆန်းပုံလဲမရ....အံ့သြပုံလဲမရ....ပုံမှန်သာဆက်ဆံနေကြတာ။
သော်က ဒါကိုလဲ ကျေးဇူးတင်သည်တဲ့လေ။ သူပဲအနေခက်နေရှာတာ။ နေရာသစ်မှာ လူတွေ သူ့တို့နှစ်ယောက်ကိုဘယ်လိုများတွေးမလဲ ကြောက်နေရှာတာ။
တစ်ရွာလုံး နွေးနွေးထွေးထွေး ပုံမှန်လိုဆက်ဆံ တာမြင်မှ ပျော်နေတာ....ယောကျားကိုတောင် တစ်ချက် တစ်ချက် မေ့နေသလိုလို ဘာလိုလို....တစ်ရွာလုံး သော်ကိုဆို ချစ်ကြသည်။
.
.
.

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now