part(58)

5.2K 329 37
                                    

နောက်တစ်နေ့မနက်စောစော သော်နဲ့မိုးဦး ဘုရားတက်ကြသည်။ မနက်ခင်းမှာ ဘုရားပေါ်လူရှင်းနေတာပဲ။ ဒါပေမဲ့လို့ သော်ကတော့ ရွှေတိဂုံကို ညချမ်း ဖူးရတာပိုသဘောကျသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

နောက်တစ်နေ့မနက်စောစော သော်နဲ့မိုးဦး ဘုရားတက်ကြသည်။ မနက်ခင်းမှာ ဘုရားပေါ်လူရှင်းနေတာပဲ။ ဒါပေမဲ့လို့ သော်ကတော့ ရွှေတိဂုံကို ညချမ်း ဖူးရတာပိုသဘောကျသည်။

သော်တို့ ရွာအပြန်လက်ဆောင်လဲ တစ်လက်စထဲဝယ်ရတယ်။ ရွာက လူကြီး လူငယ်အားလုံး ကိုယ်တွေနှစ်ယောက်သားကိစ္စဆို အကုန်ကူညီပြီးသား။
ရန်ကုန်ပြန်လက်ဆောင်တော့ ကျကျနနဝယ်ပြန်ချင်သည်။

သူငယ်ချင်းမိတ်ဆွေတွေနဲ့ နေ့လည်စာစားပြီး...စကားလက်ဆုံပြောမကုန်ကြ။ ရွာမှာသွားနေသည်သာမက ပန်းစိုက်ခင်းလုပ်မည့် မိုးဦးကို မေးကြ မြန်းကြမပြီးနိုင်ကြတော့။

အားလုံးကို နှုတ်ဆက်ရသည်။ သော်တို့ရွာကိုအားလုံးဆက်ဆက်လိုက်လည်ဖို့သာ သော်က တဖွဖွပြောသည်။
ဟုတ်တယ်....တကယ်တမ်းခွဲရမယ်ဆိုတော့ သော်လဲ စိတ်မကောင်း။ ရန်ကုန်ကို သော်တို့လဲ မကြာ မကြာ ပြန်လာပါ့မယ်ပေါ့....ပြောခဲ့ရတယ်။

ဒီလိုနဲ့ သော်နဲ့မိုးဦး....ရန်ကုန်မြေကို နှုတ်ဆက်ကြရပြီ။
.
.
.
.
ရွာပြန်ရောက်တော့....အလုပ်တွေဆိုတာ ပုံနေတော့တာ။ လတ်တလောတော့ ဦးလေးသန်းတို့အိမ်မှာပဲတည်းရတယ်။ သော်တို့အိမ်က အကြမ်း ပုံပေါ်နေပေမဲ့...လက်စသတ်ဖို့လိုသေးတာကိုး။

အိမ်ကဆောက်နေရင်းမှာပဲ....စိုက်ခင်းအတွက် မြေ ပြင်တာတွေ လုပ်ရတယ်။ စိုက်ဖို့အတွက် အများကြီးပြင်ဆင်ရတယ်။ အမိုးလုပ်ရတယ်။ ဘောင်ဖော်ရတယ်။ မျိုးဥတွေက မြေဆွေးတိုက်ရိုက်မထိခံတော့ မျိုးဥတွေမရောက်လာခင် စိုက်ဖို့အတွက်အများကြီး ပြင်ဆင်ကြရတယ်။မျိုးဥတွေက ကြိုမှာရတာကြောင့် ရန်ကုန်မှာကတည်းက မှာခဲ့ပြီးသား။
ခုမှ စ စိုက်တဲ့အခင်းဆိုတော့ အရောင်စုံမစိုက်နိုင်သေး။ ပန်းဆီနဲ့ အဖြူနှစ်မျိုးပဲစိုက်ကြမည်။
ကိုက လီလီ ပန်းဆီရောင်ကို သဘောကျနေပြီး...သော်က အဖြူရောင်ကိုသဘောကျသည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now