part(15)

7.5K 579 10
                                    

Unicode

နောက်တစ်နေ့ညနေ.   .
အလုပ်သွားဖို့ အေးချမ်းသော် ပြင်ဆင်သည်။
လိုက်ပို့မယ်တကဲကဲနှင့်သူကိုလဲ ထားခဲ့လို့မရပြန်။
အလုပ်ထိဆိုတော့နဲနဲကသိကအောင့်နဲ့။
အလုပ်မှာက ယောကျား. . .မိန်းမလူစုံသည်။

သူ့ပုံနဲ့ကိုယ့်ကို လိုက်ပို့တာမျိုးကတော့. . .ဘာပြောကောင်းမလဲ. . .တံတွေးခွက်မှာပက်လက်ရော မှောက်ရက်ပါအစုံအဆန်ဖြစ်သွားမည်။ ဒါတောင်အေးချမ်းသော်မှာ နာမည်ပျက်မရှိ။ နာမည်ပျက်မရှိလေ လူဝိုင်းလေလားတော့မသိ။ အေးချမ်းသော်ကိုဆို မိန်းကလေးတွေထိန်းမရသိမ်းမရ။

ပျော်လွန်းလို့လုပ်နေရတာတော့မဟုတ်။ အရင်လိုလမ်းဘေးနေ လမ်းဘေးစားကြုံရာအလုပ် လုပ်နေရတာထက်စာရင် ဒီဆိုင်ကအဆင်ပြေသည်။ ဆိုင်ရှင်ကလဲ အေးချမ်းသော်ကို သဘောကျသည်။
အလုပ်တာဝန်ကျေသည်။ အပိုမပြောတတ် မဆိုတတ်။ အေးဆေးနေသည်ဆိုသော်လည်း အမူးသမားငြိမ်အောင်ထိန်းသည့်နေရာတွင်လည်း သူမှ အဟုတ်။
.
.
.
.
မိုးဦးခြေထောက်က အရမ်းတော့မဆိုးတော့။ နာတော့နာနေသေးသည်။
ဆိုင်ထိလိုက်ပို့ရမည်ဆိုမှ. . .အပိုပစ္စည်းထင်ကာ. . .ကားမဝယ်မိခြင်းကိုနောင်တရသည်။ ကားလေးတစ်စီးရှိရင် သွားချင်တဲ့နေရာ ဖုတ် ဂွပ်နဲ့ပို့နိုင်သည်။
ခုတော့... အင်းပါလေ. .လိုရင် ဝယ်လိုက်လဲရပါတယ်။

ဆိုင်ကမြို့ထဲမှာပင်. . .မိုးဦးအလုပ်နဲ့တောင်အရမ်းမဝေး။ ဆိုင်ထဲဝင်တာနဲ့ ဝိုင်းကြည့်ကြသည်။
အေးချမ်းသော်က. . .ကိုယ့်လှည့်တောင်မကြည့်တော့။ အနောက်ထဲ ဝင်သွားတော့သည်။

မိုးဦးက ဆိုင်ရှင်ကိုရှာရသည်။
အနီးကိုသွက်သွက်လက်လက်နဲ့ကပ်လာတဲ့ကလေးမတစ်ယောက်ကိုမေးရသည်။

"အကို. . .အေးချမ်းနဲ့ပါလာတာမှလား. . .ဘယ်သူ့ရှာတာလဲ"

"ဟုတ်တယ် ညီမ. . .ဆိုင်ရှင်ရောက်ပြီလား. . .စကားခဏပြောချင်လို့"

"ရောက်တော့မှာ. . .အကို. . .လာ. . .ဒီမှာထိုင်"

ဝတ်စားထားတာလဲ လန်ပျံထွက်နေသလို. . .ရုပ်လေးကလဲလှရှာပါသည်။သွက်လိုက်တာလဲ ပန်ကာထိပ်ကဝက်အူအလား။ရဲရဲတောင်မကြည့်ရဲပေမဲ့ ဒီဆိုင်ထဲအားကိုးစရာ လောလောဆယ်ဤကလေးမပဲရှိသည်။
ရက်စက်လွန်းသူက ပေါ်ကိုမလာတော့။ မိုးဦးကို ဒီတိုင်းထားပစ်ခဲ့သည်။ တော်သေးတာက သော်အလုပ်လုပ်သည့်နေရာကို သိခွင့်လေးရပေလို့ပေါ့။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now