part(42)

5.1K 383 11
                                    

Unicode

သော်....စာမေးပွဲရက်တွေအရမ်းနီးကပ်နေပြီ။
သော့်ကို....ဂရုစိုက်ရမယ်။ အရင်ထက်ပိုဂရုစိုက်ရမယ်။
.
.
.

ဒီရက်ပိုင်း...သော်တို့ ရဲရင့်တို့ပြသနာရှင်းပြီး ကုမ္ပဏီမှာ လှုပ်ခတ်မှုတစ်ခု.... သတင်းတစ်ခုရှိနေသည်။
ထိုသတင်းကြောင့် လူတိုင်းမျက်နှာ မကောင်းကြ။

ရဲရင့်နှင့် မြင့်မိုရ်တို့မောင်နှစ်မနှစ်ယောက်က ပိုဆိုးသည်။ ကြံရာမရကြ။ ဖြေရှင်းရန်နည်းလမ်းရှာမတွေ့ကြသေး။ အိမ်မှာ မြင့်မိုရ်တို့မေမေကလဲ သိပ်ကျန်းမာရေးမကောင်း။ ဒါကြောင့်...ကုမ္ပဏီရဲ့ကိစ္စအဝဝကို မိုးဦးသာအဓိကစီမံခန့်ခွဲနေရတာ။

ခု...တော့....ကိုယ်တော်ချောက ထွက်စာတင်ထားသည်လေ။ တစ်ရုံးလုံးစိတ်တွေမကောင်းကြ....မိုးဦးက သက်တောင့်သက်သာပင်။ သူ ကြိုတင်စီစဥ်ထားသည့်အတိုင်းသာ။

သော့်ကို.....စိတ်ချလုံခြုံရာအရပ်မှာထားတော့မည်။
ရန်ကုန်သည် သော့်အတွက် မအေးချမ်း....
အရင်အလုပ်ကလူတွေ...အရင် ရန်စရှိသူတွေ ထပ်တွေ့ရနိုင်သည်။
မိုးဦးတို့ မြို့လေးဆိုရင်ရော...ပြန်နေလို့အဆင်ပြေမလား....သော် နဲ့တော့ မတိုင်ပင်ရသေး။စာမေးပွဲ အေးဆေးဖြေပါစေအုံးလေ။ မိုးဦး ထွက်စာတင်တာကို သော်ပင်မသိသေး။ သိရင်....စိတ်ပူမည်။ သူ့အတွက်နဲ့ ဒီလောက်လုပ်ပေးတာသိရင် ငိုမည်။ မိုးဦး ကိုတောင်းပန်ပြီးအလုပ်မထွက်ဖို့တားလိမ့်မည်။

ဒါကြောင့်....သော် မသိရသေးတာ။

ရုံးရောက်တော့ မိုးဦးကပုံမှန်ဆိုပေမဲ့...မြတ်နိုးတို့တစ်ဖွဲ့လုံးက...ငိုထားသည့်ပုံတွေနှင့်.....
တပည့်တွေကို ကြည့်တော့လဲ သနားသလိုလို။ ဒါပေမဲ့ မိုးဦး ဆုံးဖြတ်ပြီးနေပြီ။

အားလုံး တော်ကြပါသည်။ မိုးဦးဆို ချစ် ကြောက် ရိုသေရှိကြပါသည်။ အားလုံးဟာ ဘွဲ့တစ်ဘွဲ့စီသာရလာကြတာ...လုပ်ငန်းအတွေ့အကြုံမရှိကြ။ မိုးဦး ပြန်မလာခင်က စီမံအုပ်ချုပ်သူတွေက လူကြီးတွေများသည်။ ဝန်ထမ်းလဲ သက်ကြီးပိုင်းကခပ်များများရယ်။
မိုးဦး အလုပ်လုပ်ရင်း...အချိန်ယူကာ လူဟောင်းနှင့်လူသစ်ကို နေရာကျအောင် ကြိုးစားခဲ့တာ။
မြင့်မိုရ်တို့မေမေက စိတ်ချလက်ချပင်... ကုမ္ပဏီတာဝန်တွေအကုန် မိုးဦးလက်ထဲထည့်ထားတာ....မြင့်မိုရ် ပြန်မလာခင်အထိဆိုပါတော့။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now