part(44)

5.2K 384 5
                                    

Unicode

မိုးဦး.....သော်နဲ့လက်ထပ်ဖို့ကိစ္စ အားလုံးစီစဥ်ပြီးပြီ။
သော်နဲ့ ရဲရင့်တို့ကိစ္စ ကူညီပေးတဲ့သူငယ်ချင်းကို ဧည့်ခံရင်း အားလုံးလူစုံသည့်နေ့ပေါ့။
သူငယ်ချင်းတစ်ချို့ကိုလဲ ဖိတ်ရင်း အကူအညီတောင်းစရာရှိတာပါ အကုန်ပတ်တောင်းထားပြီးသား။
မိုးဦး လက်ထပ်မှာ မြင့်မိုရ်မဟုတ်သည့်အပြင် မိန်းကလေးတစ်ယောက်မဟုတ်ဘဲ ယောကျားလေးဖြစ်နေလေတော့ ရှင်းပြရသည်တော့ရှိသည်ပေါ့လေ။

မိုးဦးက မိုးဦးပဲဆိုတော့....နောက်ဆုံးမှာသူတို့ congratulations လုပ်ကြသည်။ ဘယ်သူမေးမေး မေးသမျှမေးခွန်းကိုရုပ်တည်နှင့်ဖြေနေတော့တာလေ။ တစ်ချက်မှ စိုးရွံ့တာ မဖြေချင်တာမရှိ။ အကုန်ဖြေသည်။ ယောကျားလေးသူငယ်ချင်းတွေဆိုတော့ ပေါက်ကရမေးတာလဲပါသည်... ဒါကိုလဲ ဖြေနေတာပါပဲ။ သော် သိရင်ရှက်လို့မျိုးဆုံးမှာ မဟုတ်တော့ပါ။

ထို့အပြင်.....ရန်ကုန်မှာ မနေချင်တော့ဘူးက ဟုတ်ပြီ။ သော် ဘယ်မှာနေချင်တာလဲ။ ဦးလေးသန်းတို့ရွာကို သော် သိပ်သဘောကျတာတော့ဟုတ်ပါပြီ။ မိုးဦးတို့ ဝင်ငွေအတွက်အလုပ်စီစဥ်ရမည်။ နေထိုင်ဖို့အတွက်ပြင်ဆင်ရမည်။ သော် နဲ့လက်ထပ်ပြီး ခရီးထွက်ရင်း လေ့လာရမည်။

ငွေကြေးအတွက်က သိပ်တော့ပူစရာမလို။ မေမေဆေးကုတာနဲ့ မိုးဦးပညာသင်စရိတ်တွေက ဖေဖေထားခဲ့တာကို သုံးခဲ့တာ။ အင်း.....ကုန်သလောက်ပါပဲ။
ဒါကြောင့် မေမေက နယ်မြို့ကအိမ်လေးကို ရောင်းခဲ့တာ။ မိုးဦး မတောင့်မတနေနိုင်အောင် မေမေပညာသင်ပေးခဲ့သည်။ တခြားပိုင်ဆိုင်မှုကတော့ မိုးဦးနေထိုင်နေသည့် တိုက်ခန်းနှင့် မေမေ့လက်ဝတ်လက်စား အနည်းငယ်သာရှိသည်။

ဒါပေမဲ့....မိုးဦးက လစာကောင်းသည့်အပြင် ရှယ်ယာကရသည့် အမြတ်ငွေတွေရှိသည်။ လစဥ် မိုးဦးအသုံးစရိတ်လောက်သာချန်ပြီး အားလုံး ဘဏ်မှာစုဆောင်းထားတာမို့ ငွေကြေးအရ လုံလုံလောက်လောက်ရှိသည်ဟု အကြမ်းဖျင်းတွေးရမည်။
ခု....စီးနေသည့်ကားကတော့ လို​တော့မည်မထင်.... နယ်မြို့ဆိုတော့လေ။
ဒါကြောင့် ရောင်းလိုက်တော့မည်ဟုလဲ တွေးမိသည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now