part(28)

6.5K 481 16
                                    

Unicode

ရန်ကုန်တွင် တိုက်ခန်းနေထိုင်သူများ အခက်တွေ့ရဆုံးကိစ္စမှာ car parking ကိစ္စပင်။
မိုးဦးမှာ ရပ်နေကျနေရာတွင် နေရာမရတော့။ စိတ်ညစ်ညစ်နှင့်ပင် ပြန်ထွက်မည့်ကားထင်ပြီးစောင့်နေလိုက်ရသေးသည်။ ကားပိုင်ရှင်က တော်တော်နှင့်ပေါ်မလာ။ ရန်ကုန်မြို့ရဲ့အများပြည်သူပိုင်လမ်းမပေါ်တွင် ကားရပ်စရာနေရာတစ်ခုအတွက်နဲ့. . ရန်မဖြစ်လို။

မစောင့်နိုင်တော့။ ကြာကြာရပ်စောင့်နေလို့မဖြစ်ပြန်။ လမ်းတွေက ကားတစ်စီးရပ်နေရင် ရပ်နေသလောက် ပိတ်သည်. . .ကြန့်ကြာသည်. . .ရှောင်ကွင်းမောင်းရသည့်အတွက်ခရီးမရောက်။

ကားရပ်ရန်နေရာရတော့. . .သိမ်းကာနီး လမ်းဘေးဆိုင်လေးရဲ့နားမှာ. . .အားနာနာနှင့်ပင် ကားရပ်ဖို့နေရာအကူအညီတောင်းကြည့်သည်။ ဆိုင်သိမ်းတော့မှာမို့ရပ်လို့ရသည်ဟုဆိုကာ ခင်းထားတဲ့ခုံတွေ သိမ်းပေးသည်။

သူတို့ဘာရောင်းတာလဲ???? အားပေးအုံးမှဆိုပြီးကြည့်လိုက်တော့ နံရိုးပေါင်းဆီချက်. . .သော့်အကြိုက်ပဲ။

မိုးဦး သော့်အတွက် သော်ကြိုက်တဲ့ နံရိုးပေါင်းဆီချက်ဝယ်လာခဲ့သည်။လမ်းတော့အတော်လျှောက်လိုက်ရသည်။ကားက အတော်ဝေးဝေးမှရပ်စရာနေရာရသည်ကိုး။

အခန်းရောက်တော့. . .တံခါးခေါက်သည်။
မဖွင့်ပေး။
ဟင်. . .သော် အမြဲသူ့ကို​ ကြိုနေကျပါ။
အချိန်က ကြာနေပြီ။
တံခါးလာမဖွင့်သေး။
အောက်ထပ်က အန်တီက တက်လာသည်။

"သော်သော်ကို ခေါ်မရဘူးလား မောင်မိုးဦး"

"ဟုတ်တယ် အန်တီ. . .ဘာဖြစ်လို့ပါလိမ့်"

"နေ့ခင်းက. . .ဆေးခန်းသွားပြထားရတယ်လေ အန်တီ့ဆီလာပြီး မူးလို့တဲ့. . .ဆေးသောက်ပြီးအိပ်နေတာဖြစ်မယ်. . .ဖုန်းခေါ်ကြည့်ပါလား"

ဒုက္ခပါပဲ. . .စိတ်ကပူပြီ။
သော်က ဖုန်းမရှိဘူး။
ဝယ်ပေးမယ်ဆိုလဲ. . .မယူဘူးပြောနေတာ။
စာမေးပွဲပြီးမှ. . .ဝယ်ပေးပါတဲ့။
အခန်းထဲတစ်ခုခုဖြစ်နေမှအခက်. . .

မိုးဦးတံခါးနားတွင် စိတ်ပူပန်စွာ ထပ်ခါ ထပ်ခါခေါ်သည်။
ခဏနေတော့. . .တံခါးလေးပွင့်လာသည်။
မျက်နှာလေးက သနားစရာ ရှုံ့မဲ့မဲ့နဲ့. . . ခါးကိုကိုင်းကာ ကုတ်ကုတ်လေးဖြစ်နေသည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now