part(37)

5.1K 358 10
                                    

Unicode

"သော်...တစ်ခုခုဝင်စားမလား"

ကားမောင်းရင်း...သော့်လက်ကို တခြားလက်နဲ့ဆွဲကိုင်ကာ သူ့ပေါင်ပေါ်တင်ထားရင်း မိုးဦး မေးသည်။
ဟင်....သော့်လက်က... အေးစက်စက်နဲ့...
လှည့်ကြည့်တော့ မိုးဦးကိုပြန်ကြည့်​နေသည်။ မျက်လုံးလေးတွေ ရီဝေနေတာပဲ။

"ဟင်....သော်..."

"ကို ဘာပြောလိုက်တာလဲ"

ဒီတစ်ခါ စကားပြန်မလာတော့သည်က မိုးဦး....

သော် မျက်နှာမကောင်း....ဘာဖြစ်တာလဲ မေးကြည့်ချင်ပေမဲ့.....မိုးဦးကို သော်က ထိန်ချန်ထားတဲ့စကားမျိုးမရှိ။ တစ်ခုပဲ...မိုးဦးစိတ်ပူရမည်ဆိုရင် ထိုစကားကို သော်မပြောတော့ပါ။
ခုလဲ မျက်နှာမကောင်းတာကို မိုးဦး သိလိုက်ပါပြီ။
တစ်ခုခုပဲ....စာမေးပွဲအတွက်စိတ်ပူနေလို့ပဲလား။ ဒါမှမဟုတ် ပြသနာတစ်ခုခုရှိနေတာလား။

"သော်....နေမကောင်းလို့လား...ကို့ကို ပြောပါကွာ..."

"အင်းးးးနဲနဲပါ....နားလိုက်ရင်ရပါပြီ"
.
.

"အပြင်ရောက်လက်စနဲ့ တစ်ခုခုစားချင်သေးလားလို့ ကိုမေးနေတာ..."

"မစားတော့ဘူး....အိမ်ရောက်မှစား​တော့မယ်"

မိုးဦး အိမ်ကိုသာရောက်အောင်မောင်းခဲ့တော့သည်။
.
.
.
သော်...အိမ်ရောက်တာနှင့်...ကို ကားပါကင်ဝင်နေတာစောင့်နေရင်း...ကားတစ်စီးဖြတ်မောင်းသွားတာတွေ့လိုက်သည်။ သော် သိသည်။ ဟိုကောင့်ကို ကားပေါ်မှာတွေ့လိုက်ရသည်။ သက်ပြင်း​မောကို မသိမသာခိုးချမိရသည်။

ကို သိလို့မဖြစ်။ စိတ်ပူမည်။ ဒီလိုလူစားတွေနဲ့ရှင်းရမဲ့ကိစ္စမျိုးတွေကိုလဲ မလုပ်စေချင်။ ကို သိခဲ့ရင် ဒီတိုင်းထားမှာလဲမဟုတ်။ သော့်ကို စိတ်ပူလွန်းလို့ ရံုးထိခေါ်သွားမလားတောင် မသိ။

သော် စဥ်းစားလို့မရတာက...ရဲရင့်တို့ ကိစ္စပြီးတော့ သော်က ဒီကောင်တွေကို ရှောင်နေခဲ့ပြီးသား။ အလုပ်ပါ ထွက်ပစ်ခဲ့တာပင်။ ဘာမဟုတ်တဲ့ကိစ္စသေးသေးလို့ပဲ သော်ထင်သည်။

သူတို့လောကတွင်....ဒီထက်ရှုပ်ထွေးတာတွေအမြဲရှိနေတာပဲ။
သော်လုပ်ခဲ့တာ ရဲရင့်နဲ့နန္ဒတို့ကို ဆွဲခေါ်လာရုံပါပဲ။
သူတို့ အငြိုးတကြီး တုံ့ပြန်ရလောက်အောင် သော် မလုပ်ခဲ့။ ရဲရင့်တို့လဲ လုပ်ခဲ့မှာမဟုတ်။ ပြီးတော့ သော်တို့ ဖြစ်ခဲ့သည့်ကိစ္စတွေက သာမာန်အသေးအဖွဲပြသနာမျှသာ။ ထိုးကြ သတ်ကြ ချိန်းပွဲတွေဖြစ်ကြသည်အထိတောင် မဖြစ်ခဲ့တာကို။ ပြသနာကအခုမှ လာတက်ရတာကို သော် နားမလည်နိုင်ပါ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now