part(22)

7.5K 559 13
                                    

Unicode

မိုးဦးနှင့် သော် အပူအပင်တွေမရှိဘဲ အချစ်တွေသာပြည့်နှက်နေသော. . .တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာမဝသော. . နေ့ရက်များပါ။
ဤ​နေ့ရက်များကိုနှစ်ဦးလုံးတန်ဖိုးထား​ပြီး တစ်သက်မမေ့ပါ။

သော် စာမေးပွဲပြီးလေပြီ။
သော့်ကို ရက်အနည်းငယ်တော့အနားပေးရသည်။

​နောက်နှစ်က သော့်အတွက်ပိုအရေးကြီးသည်။
အလုပ်ကနားထား. . .စာမေးပွဲကပြီးနေပြီဆိုတော့ သော် အိမ်ထဲမှာသာ။
မိုးဥှီး သော့် ကို သူမပါဘဲ သိပ်အပြင်မထွက်ခိုင်းပါ။
သော်ကိုယ်တိုင်ကလဲ အပြင်မထွက်လိုပါ။

သော့် နေ့စဥ်အလုပ်များမှာ. . .မိုးဦး မနိုးခင်ထကာ မနက်စာပြင်သည်။ မိုးဦးအတွက် သွားတိုက်ဆေးမှအစ ထည့်ပေးပြီးသား။ ခုဆို မိုးဦး နေ့လယ်စာသည် ကြုံသလိုမဟုတ်တော့. . . .သော့်လက်ရာ ထမင်းဗူးနှင့် မိုးဦး ရုံးသို့တင့်တင့်တယ်တယ်သွားရခြင်း။ တစ်နေ့တစ်မျိုး မရိုးရအောင် ချက်ပြုတ်ထည့်ပေးသည်။

"သော် ရေ. . .သည်းသော်"

မိုးဦး အိပ်ယာထဲမှခေါ်သံ

"ကို ရေ"

ချက်နေရင်း ပြန်ထူးသံ

" သော်. . .လာကွာ"

သော် ပြေးရပြန်သည်။

ကလေးထက်ကိုဆိုးနေတော့သည်။
သော်သိပ်မှ. . .သော်နှိုးမှ. . .

"တစ်ခါတစ်လေ နိုးရင် ထွက်ခဲ့ပါလား ကိုရယ်"

"အကျင့်ပါတယ်. . မထွက်လာနိုင်ပါဘူး. . .သော်အကျင့်ပါပြီး လာမခေါ်ရင်... ဘယ့်နှယ့်လုပ်မလဲ"

"ကဲ. . .လာ... လာ... ကို...ကလေးလဲမဟုတ်ပဲနော်"

ဆွဲထူတဲ့လက်ကို သူ့ဆီဆွဲချတော့ ပါသွားပြန်သည်။
နမ်းခံလိုက်ပေအုံးတော့. . .အေးချမ်းသော်ရေ. . .
နင့်ဒုက္ခနဲ့နင်. . .

"ကို့ ထန်းလျက်ခဲလေးက. . .ချို မှချို"

အားရအောင်နမ်းပြီး ပြောသေးသည်။

"ဘာကိစ္စ ထန်းလျက်ခဲလဲ. . .လူကို"

"သော်ကလေ. . .အဝါရောင်ကို အညိုလေးပိစိဖောက်ထားတော့ ရွှေဝါရောင်လေးလေ. ...ပြီးတော့ မာမာလေး... ချိုတာလဲပြောမနေနဲ့ ပါးစပ်ထဲရောက်ရင် မလွှတ်ချင်ဘူး"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now