part(41)

5.2K 397 12
                                    

Unicode

ကိစ္စတွေလဲ ပြီးပြီ။
ညလဲ အတော်နက်သွားပြီ။
အားလုံးကို ကျေးဇူးတင်စကား ပြောရသည်။
ကိုဝင်းနိုင်ထွန်းကို ရဲရင့် ကားနှင့်လိုက်ပို့သည်။
နန္ဒရောပဲတူတူပါသွားတယ်။
မိုးဦးသူငယ်ချင်းက ကားပါလာသည်။ လိုက်ပို့စရာမလိုတော့။

"ကျေးဇူးပါကွာ....တစ်ရက်ဆုံကြမယ်ကွာ...ငါမင်းကိုတစ်ဝိုင်းလုပ်ပေးပါ့မယ်.."

မိုးဦး သူငယ်ချင်းကို တကယ်လဲ ကျေးဇူးတင်သည်။
ကျေးဇူးတင်စကားကိုလဲ ထပ်ကာ ထပ်ကာ ပြောနေမိသည်။

"ရပါတယ်ကွာ....မင်းကလဲ.... ငါ့တစ်ဝိုင်းထက်ပိုအရေးကြီးတာ မင်း လက်ထပ်မဲ့ကိစ္စ...ငါ့ကိုရှင်းပြအုံးကွ"

ကြားက.....သော်က မျက်နှာလေးရဲကာ ခေါင်း​လေးပါငုံ့သွားသည်။
မိုးဦး သော့်လက်ကို ဆွဲကိုင်လိုက်ရင်း...

"ပြောပါ့မယ်ဆိုကွာ...ထူးဆန်းလို့လား....မင်းက အရမ်းတွေသိချင်ရအောင်"

"မထူးဆန်းပါဘူးကွာ...မင်းမို့လို့ထူးဆန်းတာ...သူများဆိုရင်မထူးဆန်းဘူး"

သော် တကယ် မနေတတ်တော့.....လက်ကလေးကိုမသိမသာရုန်းနေသည်။
မိုးဦးလွှတ်မပေး.....

"ဒီမှာ ရှက်နေပြီကွ...နောက်မှမေးတော့....ညနက်နေပြီ...မိုးတောင်လင်း​တေ့ာမယ်...ပြန်​​ပါကွာ သူငယ်ချင်းရာ..."

"မိုးမလင်းသေးပါဘူးကွာ...ဒါ night out တဲ့အချိန်ကွ....မင်းကပြန်ချင်လို့လား"

"ပြန်မယ်ကွာ.....နားချင်ပြီ"

မိုးဦးတို့ သူ့ကိစ္စပြီးတော့ ငြမ်းဖျက်ပြီလေ။

"ဟား..ဟား..ဟား..ဟား...အေးပါကွာ....မင်းချိန်းရင်ငါ့တစ်ယောက်ထဲ မချိန်းနဲ့နော် အကုန်ပါအောင်ချိန်းလိုက်"

မိုးဦး ကိုနှုတ်ဆက်ရင်း ....သော့်ကိုပါ...နှုတ်ဆက်သည်။
သော်လဲကျေးဇူးတင်စကားပြောရသည်။
သော်တို့ ပြန်ခဲ့ကြတယ်။
.
.
.

သော့် ပုခုံးဘေးဖက်လိုက်တော့ မိုးဦး ခါးကိုပြန်ဖက်လာတဲ့လက်လေး....
မိုးဦး ဘေးကသူကို ငဲ့ကြည့်တော့.....အားနာသည့်ရုပ်လေးနဲ့...ပြန်ကြည့်နေသည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now