part(3)

8.7K 749 3
                                    

Unicode

ကိုကိုကြီးဘာများဖြစ်နေပါလိမ့်။
ညနေကပန်းကောက်တုန်းကတောင် ပုံမှန်ပဲကို. . .
အန်တီမေမေများဆူလိုက်လို့လား။
မဖြစ်နိုင်ပါ. . .ကိုကိုကြီးကအဆူခံရအောင်မနေတတ်သလို အန်တီမေမေကလဲ ဆူတတ်တဲ့အမေမှမဟုတ်တာ။ဒါဆို. . .ကိုကိုကြီး ဘာဖြစ်တာပါလိမ့်။ဖွားရှေ့မှစကားပြောတုန်းကလဲမျက်နှာပျက်နေသေး. .. ဘာပြောပြော အင်းတစ်လုံးပဲပြန်ပြောတယ်။ မဟုတ်မှ. . .လွဲရော. . .ကိုကိုကြီးကောင်မလေးကိစ္စရှိနေတာများလား. . .အတွေးနဲ့အတူပူကနဲရင်တွင်းခံစားချက်ကြောင့် လှမ်းလက်စခြေလှမ်းရပ်ပစ်လိုက်မိတယ်။
ရင်ဘတ်ထဲက အောင့်လိုက်တာ။
ကိုကိုကြီးက စာတော်ပြီးလိမ္မာတယ်။ ပြီးတော့ ချောတယ်။ ကျောင်းမှာ ကိုကိုကြီးကသိပ်နာမည်ကြီးတာကို သော် သိတာပေါ့။ သော့်ကို ကိုကိုကြီးပေးပါလားလို့ လာတောင်းတတ်တဲ့ လူတွေရှိတယ်လေ။

"ကို ကို ကြီး"

"ဟင်"

"သားကိုဘာပြောမလို့လဲ"

"သော်. . .လေး"

"ဟင့်အင်း. . .မပြောပါနဲ့အုံး. . .ဆို"

သော်ကငိုချင်သလိုမျက်နှာလေးနဲ့ ပြောတယ်။ သူပဲ သိချင်ပြီး သူပဲမကြားရဲဖြစ်နေတာ.... သနားစရာ။
သော်က ရှေ့ကနေခပ်သွက်သွက်လေ​ျှာက်သွားတယ်။

"သော်. . .ခဏ. . .နေ.ပါ.အုံး"

သော့်လက်ကိုဆွဲပြီး ပြောတော့မှ ခြေလှမ်းတွေရပ်တယ်။

"ကိုကိုကြီးတို့တစ်နေရာထိုင်ပြီးစကားပြောရအောင်. . .နော်. . .ညနေစာချိန်ကျော်ရင်မေမေစိတ်ပူမယ်"

မျက်လုံးဝိုင်းတွေနဲ့ပြန်ကြည့်ရင်း အဖြေရှာနေမိတယ်။
ဘာတွေများဖြစ်နေတာလဲ ကိုကိုကြီးရယ်. . .
ခံစားနေရတာများရှိရင် သားပဲခံစားပါရစေ။
ကိုကိုကြီးကိုဝမ်းနည်းအောင် ဘယ်အရာကဖြစ်စေတာလဲ သားကိုပြောပါ. . .အို. . .ဟင့်အင်း. . . ကောင်မလေးတစ်ယောက်ကြောင့်လို့တော့မပြောပါနဲ့နော်. . .အတွေးနဲ့တင် လူကယောက်ယက်ခတ်နေပါပြီ။ သော်လေးကငယ်သေးတာကြောင့် သူလေး ခံစားချက်ကို မမြင်နိုင်ပါ။ သော်သိတာ ကိုကိုကြီးနဲ့မခွဲနိုင်ဘူးဆိုတာပါပဲ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now