part(13)

7.5K 622 6
                                    

"ညနေစာ.... ဘာစားမလဲ"

Laptopနှင့်အလုပ်လုပ်နေသော မိုးဦးကိုလာမေးသည်။

"အပြင်မှာမှောင်နေပြီပဲ. . .အလုပ်လေးရှိနေလို့... အချိန်လွန်နေတာ မသိလိုက်ဘူး.... ဗိုက်ဆာနေပြီလား"

". . . . . . ."

"ပိုက်ဆံက အခန်းထဲစားပွဲပေါ်က ကိုယ့်ပိုက်ဆံအိတ်ထဲမှာ. . .ပိုယူသွားပြီး. . .အဝတ်အစားဝယ်ခဲ့ပါလား. . .ညစာကို... မင်းကြိုက်တာဝယ်ခဲ့လေ"

"အဝတ်အစားမလိုဘူး"

အခန်းထဲဝင်ကာ ပိုက်ဆံယူပြီးထွက်သွားသည်။ ကိုယ်ကသာ စကားတွေပြောနေတာ... သော်က... အခုထိ ခပ်ပြတ်ပြတ်စကားများသာပြောသည်။

မိုးဦး. . .ရှေ့ရေးကိုကြိုတွေးထားမှရမည်။
တွေးထားတဲ့အတိုင်းကို ဖြေးဖြေးချင်းတိတိကျကျလုပ်ဆောင်ဖို့လဲလိုသည်။
မလွယ်ကြောလေး. . .ဖြစ်နေတာ။
အတော်ကြမ်းတမ်းတဲ့လမ်းကို လျှောက်ခဲ့ရပုံပေါ်သည်။
ခုထိမေမေ့အကြောင်း ထပ်မမေးတော့။ကိုယ်ပြောသလောက်သာ သူသိသေးသည်။
မေမေများသူ့ကို. . .တစ်ခုခု. . .

မဖြစ်နိုင်ပါဘူးလေ. . .
မေမေက မိုးဦးအတွက်ပဲကြည့်တာတော့ဟုတ်ပေမဲ့ အဲ့လောက်တော့ မလုပ်တန်ရာ။ မေမေကိုယ်တိုင် သော့်ကိုပြုစုစောင့်ရှောက်ပေးခဲ့တာပဲလေ။

.
.
.
.
အေးချမ်းသော်. . .ညနေစာဝယ်တာ. . .အိမ်ပြန်ရောက်လို့ပန်းကန်ထဲထည့်မယ်ကြည့်တော့မှပဲ မိုးဦး ကြိုက်တာတွေကိုသာ​ရွေးဝယ်လာမိမှန်းသိတော့သည်။
ရှိပါစေတော့။ ငါအမှတ်တမဲ့လုပ်မိတာ။
သူလဲသတိထားမိမှာမဟုတ်ပါဘူး။

.
.
.
"ခုထိမှတ်မိသေးတာလား. . .ကိုယ့်အကြိုက်ကို"

ဟင်းတွေကိုမြင်တာနဲ့ တန်းပြောတော့တာပါပဲ။

"မစားချင်တော့တာလား. . .အကုန်သွန်ပစ်လိုက်ရမလား"

စိတ်ကပေါက်ပေါက်နဲ့ဘုတောပစ်လိုက်တော့သည်။

"အဟား. . .ဒါလေးဝမ်းသာလို့ပြောမိတာကို. . .လာ. . .တူတူစားမယ်"

ဆောင့်ကြီးအောင့်ကြီးနှင့်ထိုင်ကာစားသည်။
စားနေရင်းထထွက်သွားပြန်သည်။
ပြန်လာတော့. . .ရေဖန်ခွက်လေးနဲ့. . .
မိုးဦး ထမင်းစားရင် အရည်သောက်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ရေ လိုတတ်သည်လေ။
ကြိတ်ပြုံးရသည်။
သော်လေးဟာ အခုထိ မိုးဦးရဲ့ သော် ဖြစ်နေဆဲပါပဲ။
သူပြောင်းလဲသွားတာ အပြင်ပန်းမြင်ရတဲ့ပုံစံလေးတွေပဲရှိတာ။ ဒီကလေးရဲ့ စိတ်နှလုံးဟာ ပြောင်းလဲခြင်းမရှိ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now