part(54)

4.9K 324 14
                                    

Unicode

ညနေရောက်တော့....ကိုနဲ့ဖိုးကျော်က ဆိုင်ကယ်စီးပြီး ရွာကိုပတ်ကြသည်။ သော် မလိုက်တော့။ ပူတူးနဲ့ကျန်ခဲ့လိုက်သည်။ ကိုက.....လိုက်ခဲ့ပါလား ခေါ်သေးပေမဲ့ သော် ချော့ပြောပြီးပဲ ကျန်ခဲ့လိုက်တော့သည်။

ကို တကယ်ကြီး မြန်မြန်ဆန်ဆန်လုပ်နေတော့တာပဲ။
ကိုလဲ ဒီရွာကို သဘောကျပုံပါပဲ။ ချက်ချင်း စီစဥ်နေတော့သည်။

ကိုတို့ပြန်လာတော့ မှောင်စပျိုးပြီ။
သော် အပြေးထွက်ကြိုသည်။
သော့်ကို ကြည့်ပြီး ဦးလေးသန်းတို့လင်မယား ရယ်ကြရော။ သော်လဲ ရှက်ရှက်နဲ့ ကိုယ်ရှိန်သတ်ရသည်။
ကို့ကိုသာ ပြောနေတာ....သော်လဲ သိပ်တော့မထူး။ စိတ်က နေရာသစ်ရောက်နေတာလို့ အကြိမ်ကြိမ်သတိပေးနေပေမဲ့ ခန္ဓာကိုယ်က လုပ်နေကျအတိုင်း လုပ်မိနေတတ်တာ။

"ပြန် လာ ပြီ လား"

"အွန်း....ဖိုးကျော်က စိုက်ပျိုးရေး ပါရမီရှင်ပဲ...သူနဲ့စကားပြောရတာ အတော်လေးအဆင်ပြေတယ်...ကို မေးချင်တာတွေ သူအားလုံးရှင်းပြပြီးသားပဲ"

"ဘယ်လိုဘဲ မိုးဦး....ရွာကိုသဘောတွေ့ရဲ့လား"

"ဟုတ်....ဦးလေးသန်း.....သဘောကျတယ်....သော်လဲ သဘောကျနေတာ...ကျွန်တော် ဒီရွာမှာ နေဖို့သေချာပါတယ်...ခြံဝယ်ဖို့ကူညီပါအုံး"

"အေးပါကွာ...မင်းတို့ကို စိတ်ပူတာပါ.... ဦးလေးတို့ ရွာမှာက... စိုက်ပျိုးရေးပဲ... လုပ်စားကြရတာ"

"စိတ်မပူနဲ့.....ကျွန်တော် အေးအေးချမ်းချမ်းနေချင်တာပါ.... ရန်ကုန်မနေချင်ပါဘူး....ဟိုမှာနေတော့လဲ ကျွန်တော်နဲ့သော်က အလုပ်နဲ့အိမ်ပဲနေတာ...အပြင်ကတစ်လနေမှတစ်ခါ ....နှစ်ခါ ထွက်ကြတာပါ"

"အလုပ်ကရော...ဘာလုပ်ချင်ကြလဲ...တိုင်ပင်ပြီးပြီလား"

"ကျွန်တော် ကြည့်ရတာ ဒီရွာမှာ စိုက်တာက ဟင်းသီးဟင်းရွက်များတယ်နော်....ကျွန်တော်က ပန်းစိုက်ချင်တယ်... စိုက်ပျိုးရေးပဲ လုပ်ချင်တာပါ..... ကျွန်တော်တို့နှစ်ယောက်လုံး.... လုပ်လို့ရတဲ့အလုပ်ဆိုတော့လေ"

သော့်မှာ ကို့ကို ကြည့်ရင်း မျက်လုံးအဝိုင်းသားနဲ့ငေးနေရသည်။ ဘယ်ချိန်လေ့လာလိုက်တာလဲ။ ဘယ်လိုများလေ့လာလိုက်တာပါလိမ့်။ သော်ဖြင့် ရွာကို အလည်ရောက်သာလာခဲ့တာ။ ဘာတွေအဓိကထားစိုက်တယ်ဆိုတာတောင်အတိအကျမသိ။ စိုက်ခင်းတွေမြင်ရင် မြင်တယ်ပဲ မှတ်လိုက်တာပါ။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now