part(11)

7.8K 685 16
                                    

အခန်းထဲပြန်ရောက်တော့ ကုတင်ပေါ်မှောက်ရက်လေး။ အိပ်များသွားတာလား။ အင်းလေ... ပင်ပန်းရှာမှာပဲ။

"အိပ်ပျော်သွားပြီလား. . .အဝတ်အစားလဲလိုက်ပါလား. . .ဆေးလိမ်းဖို့လိုမယ်ထင်တယ်. . ."

". . ."

အိပ်ပျော်သွားတာနေမယ်။ မိုးဦးအပြောကို အဖြေပြန်မပေး။
မိုးဦးအပြင်ပြန်ထွက်လာခဲ့သည်။
.
.

မြင့်မိုရ်ကို ဖုန်းဆက်ရသည်။
အဆင်ပြေတဲ့အကြောင်း. . .ရဲရင့်ကိုခေါ်ထားပေးကြောင်း။

ပြီးမှ အခန်းကိုအပြင်ကသော့ခတ်ခဲ့ပြီး အောက်ဆင်းကာ လိုမည်ထင်တာတွေ ပြေးဝယ်ရသည်။
သော့်အတွက်လေ. . .
.
.
.
မိုးဦးပြန်ရောက်တော့သုံးယောက်လုံး. . .အိပ်မောကျတုန်းသာ။
.
.
.

မိုးဦးပြန်ရောက်ပြီးမကြာပါ။မြင့်မိုရ်ရောက်လာသည်။

"ရဲရင့်ရေ. . .နင့်ကြောင့်တော့ခက်ပြီ. . .ဘယ်လိုဖြစ်ရတာတုန်း. . .မြင်မကောင်း ကြားမကောင်းတွေ. . .ငါပြန်မရောက်ခင်ကလဲဒီလိုပဲလား. . .ဟင်"

မြင့်မိုရ် ရောက်တာနဲ့သူ့မောင်ကိုပွမ်ဖို့ပြင်သည်။

"မမရာ. . .ကိစ္စကဒီလိုပါ. . . . . . . ."

ရှည်လျားထွေပြါးစွာနှင့်. . သူများအလွန် ကိုယ်မလွန်ရှင်းပြနေသော ရဲရင့်
နန္ဒကတော့ တခွန်းတလေဝင်ပြောရုံသာ။

"ဟင်းးးးးးး. . .မပြောလိုက်ချင်ဘူး. . .မိုးဦးကူလို့ပေါ့. . .ရဲစခန်းတော့ မလိုက်ချင်ဘူးရဲရင့်ရယ်. . .နောက်မဖြစ်စေနဲ့. . .ဟုတ်ပြီလား"

"မမ. . .ကျွန်တော်တို့ကိုလာခေါ်တာလား. . .ကိုမိုးဦးဆီလာတာလား"

ထိုမေးခွန်းကိုအမေးတိုက်ဆိုင်စွာပင်. . .အခန်းထဲမှထွက်လာသော. . .သော်. . .မျက်လုံးဝိုင်းလေးတွေနဲ့ မြင့်မိုရ်ကိုကြည့်နေသည်။

"နှစ်ခုလုံးပဲ"

မြင့်မိုရ်အဖြေ. . .

ရှေ့ဆက်တိုးမလာသော. . .သော်လေး။

"နိုးပြီလား. . .သက်သာလား. . .ဆေးခန်းပြရအောင်"

မိုးဦး သူ့အနားထိလျှောက်သွားပြီး ပြောသည်။ ကျန်တာတွေကို ဘာမှဂရုမစိုက်နိုင်တော့။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now