part(16)

7.1K 588 4
                                    

Unicode

အဆောင်ရှေ့ရောက်ပေမဲ့ မိုးဦး ချက်ချင်းဝင်ဖို့ ခြေလှမ်းတွန့်သည်။
သော်ရယ်. . .ဒီလိုပဲနေနေရတာလား။
စိတ်ထဲမကောင်းတော့။
ရဲရင့်ပြောသလိုပင်။ ရအောင်ခေါ်သွားရမည်။ အနုနည်းမရရင် အကြမ်းနည်းပေါ့။

"အေးချမ်းရေ. . .ဧည့်သည်ကွ"

အဆောင်ပိုင်ရှင်မှလှမ်းအော်ခေါ်ရင်း ကွမ်းသွေး ပစ်ကနဲထွေးချသည်။
မိုးဦးမှာ မျက်လုံးပြူးနှင့်အငေးသား။
သန့်ရှင်းသောနေထိုင်မှုနှင့် စည်းကမ်းတကျသာတစ်သက်လုံးနေထိုင်လာခဲ့သူမှာ လူသွားလမ်းလယ်ရောက်လုလုနေရာမှကွမ်းသွေးထွေးတာ မြင်ရတော့ စိတ် ကသိကအောက်ဖြစ်ရသည်။
သော်ရေ. . . .မဖြစ်တော့ပါဘူး။
အကျင့်တွေကူးကုန်မှအခက်ပါပဲ။
အခုလောက်ဆိုးလာတာလဲ ပတ်ဝန်းကျင်ကြောင့်ပဲနေမှာ။ ကိုကိုကြီးရဲ့သော်လေးဟာ ကိုကိုကြီးပုံသွင်းခဲ့တဲ့အတိုင်းဆို စည်းစနစ်ရှိသူလေးပါ။

ထောင့်ဆုံးအခန်းရဲ့တံခါးပွင့်လာပြီး. ..ထွက်လာသူ။

ရဲရင့်နဲ့မိုးဦးကို မြင်တာနဲ့မျက်နှာပျက်တော့သည်။

လိုက်လာတာမကြိုက်ရင် ဘာလို့ပြန်မလာသေးလဲ။
ဟင်....သော်...
ကိုကိုကြီးရှိတဲ့နေရာကမှ သော့်အိမ်လေ။ ဒါကို နားမလည်တာလား။

"ရဲရင့်. . ."

ရဲရင့်ကိုပြသနာရှာတယ်ဆိုတဲ့အကြည့်နှင့်အံကြိတ်ခေါ်သည်။

"ကိုမိုးဦးက... ဖုံးဆက်ပြီးခေါ်တာ. . .ငါမလာလို့ဖြစ်မလားကွ"
ရဲရင့်ကလဲ ရှောင်ထွက်သည်။

"ငါအလုပ်သွားတော့မှာ. . ."
ပြောပြီး သူ့အခန်းထဲ​ပြန်ဝင်သွား​တော့သည်။
သူကမခေါ်ပေမဲ့ အတင်းပင် သူ့အခန်းကိုတက်ရသည်။

ပစ္စည်းများများစားစားမရှိ။
မရှိဆို ဘာမှမရှိတာ။
အဝတ်ထည့်သည့် စက္ကူပုံးထင်သည်. .ထောင့်လေးမှာကပ်ထားသည်။
စောင်. . .ခြင်ထောင်. . .ခေါင်းအုံးလေးကသပ်သပ်ရပ်ရပ်ခေါက်ပြီး ပုံးလေးပေါ်တင်ထားသည်။
နံရံမှာ. . .ဘုရားပုံတော်လေးနှင့်သောက်တော်ရေခွက်လေးကို ခုံပုလေးနှင့်တင် ကပ်ထားသည်။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now