part(56)

4.8K 363 12
                                    

Unicode

"မိုးဦးနဲ့အေးချမ်း....ထမင်းစားရအောင်ဟေ့"

အသံနှင့်အတူဝင်လာကြတဲ့ ဦးလေးသန်းနဲ့ဖိုးကျော်

"အေးချမ်း.....ဘေးကနေသွားလိုက်...ရေတွင်းရှိတယ်လေ သိတယ်မှလား"

"သိတယ်....သိတယ်"

သော် ကို့ကို ခေါ်ကာ ရေတွင်းဆီသို့ လာခဲ့သည်။
ထမင်းစားကာနီး ခြေလက် ဆေးဖို့ပါ။
အခင်းတွေထဲလျှောက်သွားထားတော့ ထမင်းစားကာနီး
ရေမချိုးရလဲ ခြေ လက်ဆေးမှဖြစ်မည်လေ။
ကို့ အင်္ကျီလက်ကို တံတောင်ဆစ်ကွေးထိခေါက်တင်ပေးပြီး လက်ဆေးပေးရသည်။ ခြေဆေးပေးရသည်။

"မျက်နှာပါသစ်လိုက်..... သော်"

"မျက်နှာက ကို့ဘာကို.... သစ်လေ"

"No....သော်ပဲ...သော်ပဲ...."

သစ်ပေးရပြန်သည်။ တကယ် ဘာမှမလုပ်တော့တာလားမသိ။ တစ်ကိုယ်ရေသန့်ရှင်းရေးက သော့်တာဝန်ပဲလား။ ဟုတ်လား။ ဘယ်နေရာရောက်ရောက်လား။
နေပါအုံး.....သူများတွေရော ကို့လိုပဲလား။

.
.
.
.

"ဒါက...မမနှင်းဥချက်တာ... ဒါက အမေထည့်ပေးလိုက်တာ... ကိုကြီးအေးချမ်း... ကြိုက်တယ်တဲ့... သားသယ်လာပေးတာ....ကိုကြီးအေးချမ်းအတွက်"

ဝက်သားနှပ်ပန်းကန်ကို လက်ညှိုးထိုးပြီး ပူတူးကပြောသည်။
အော်....ဒါကြောင့် မနက်က ပူတူး ထမင်းချိုင့်နဲ့ဖြစ်နေတာကိုး။ သူလုပ်ပေးထားတာကိုသိအောင်ပြောပြတာဆိုပေမဲ့ သော့်ကိုမကြည့်.... ကို့မျက်နှာဆီကြည့်ပြီးပြောနေတာ။ တကယ်ပါနော်... ကိုနဲ့ပူတူးက တကယ်ရယ်ရတာ။
.
.
.

ထမင်းစားပြီးတာနဲ့ ခဏနားကြသည်။
အခင်းထဲမှာ အပူသက်သာသည်ပဲမဟုတ်။ လေလေးတဖြူးဖြူးနှင့်။ ရန်ကုန်နဲ့အကွာကြီးကွာတာလေ။ ရန်ကုန်မှာများ နွေရာသီ ဖင်ဘူးတောင်းထောင်နေကြရသည်။ ဒီမှာတော့ အပူချိန်လဲရန်ကုန်လောက်မများသလို စိုက်ခင်းကျယ်များဆီက လေက တဖြူးဖြူးဝင်နေတာ။ လောကစည်းစိမ်ခံစားရင်း သော် အိပ်ငိုက်လာ​တော့သည်။

ဦးလေးသန်းနဲ့ဖိုးကျော်က အလုပ်သမား​တွေနဲ့ စကားပြောနေကြသည်။ အိမ်ပြင်အပင်ရိပ်မှာ။ သူတို့လဲ ခဏတဖြုတ်နားချိန်ပေါ့။

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now