part(50)

5.2K 373 15
                                    

Unicode

သော် ကို့အပေါ် မှာ ဒီတိုင်းမှေးကနဲအိပ်ပျော်သွားသည်။ ကိုက လွှတ်မပေးတော့ ကို့အပေါ်မှောက်ရက်သားအတိုင်းပဲပေါ့။
သတိထားပြီးအိပ်သလိုဖြစ်သွားတော့ အိပ်ပျော်မောခြင်း​တော့​မရှိ။
တစ်ယောက်ယောက်အပြင်က ကြည့်နေသလို....ကန့်လန့်ကာ လှပ်လိုက်သလိုလို... ခြေသံလိုလိုထင်မိတာကြောင့် နိုးလာပြီး လှည့်ကြည့်ဖို့ပြင်တော့... ကိုက လွှတ်မပေး။ သူ့ကြည့်တော့လဲ အိပ်ပျော်နေတာ။
လူကအိပ်နေပေမဲ့ လက်တွေကမအိပ်။ ဖတ်ထားတာ ရုန်းလို့တောင်မရဘူး။ နိုးသွားမှာစိုးတော့ ရုန်းကြည့်လို့မရတာနဲ့ ငြိမ်နေရသည်။

ဘယ်အချိန်ရှိပြီလဲမသိ။ မိုးကတော့အတော်လင်းနေပြီ။ ဒီအိမ်မှာ အားလုံးမနက်စောစောထတတ်ကြတာ သော်သိသည်။ ဦးလေးသန်းရော အခင်းထဲရောက်နေပြီလားမသိပါဘူး။ ခရီးပန်းတာလဲ ပန်းတာပေါ့။ ဒီလို နေမြင့်သည်အထိ အခန်းထဲကမထွက်တာတော့မဟုတ်သေး။
ကိုကလဲ....အိပ်ပျော်နေတာမို့ ... မနှိုးရက်။

နှိုးလိုက်ပြီး.... နေ့လည်မှပြန်အိပ်ခိုင်းရကောင်းမလား။
ဘယ်လိုလုပ်ရပါ့။ အောက်ကလူတော့မသိ...အပေါ်ကလူကတော့ ညောင်းလှပြီ။ ပြီးတော့ နောက်ကနေ တစ်ယောက်ယောက်က ခဏ ခဏလာကြည့်နေသလိုပါပဲ။ အိမ်က သစ်ကြမ်းခင်းဆိုတော့ ခြေသံဖော့နင်းပေမဲ့ ကြားရသည်။ ပြီးတော့ ကုတင်ပေါ်အိပ်နေကြတာမဟုတ်ဘူးလေ။

ဘယ်သူလဲမသိဘူး။ အိပ်ယာနိုးပြီလားလို့များ လာကြည့်ကြတာလား။
ဒီပုံစံ လူကြီးတွေမြင်ရင် တစ်မျိုးဖြစ်ကုန်ကြတော့မှာ တွေးမိတော့ ရှက်ပြီး လူက ထူပူလာတော့သည်။
လူကြီးတွေက တမင်လာကြည့်မှာတော့မဟုတ်။ သူတို့သားကြီးက အခင်းထဲသွားမယ်လို့ပြောခဲ့သည်။
ဒါဆို....သူ့မိန်းမလေးများလား.....
ဟယ်...ဗုဒ္ဓေါ.....ရှက်စရာကြီး....
သော့်မှာအတွေးတွေနဲ့ လုံးချာလည်နေတော့သည်။

"သည်းသော်....ဘယ် ချိန် ရှိ ပြီ လဲ"

အိုး.....ကိုနိုးလာပြီ...တော်ပါသေးရဲ့။

"ကို...နိုးပြီလား ထကြရအောင်လေ...လင်းနေပြီ "

"အင်းးးးခဏပဲ"

ချစ်သူ့စကား ရင်နှင့်ကြားစေWhere stories live. Discover now